ပြည်ပသို့မြန်မာအိမ်အကူစေလွှတ်ခွင့်မရှိသော်လည်း စင်ကာပူတွင်ပင် တရားမ၀င် မြန်မာအိမ်အကူလေး သောင်းခန့်ရှိ


ပြည်ပနိုင်ငံများသို့ မြန်မာအိမ်အကူ လုပ်သားစေလွှတ်ခွင့်မရှိသော်လည်း စင်ကာပူတနိုင်ငံတည်းတွင်ပင် တရားမ၀င်သွားရောက်လုပ်ကိုင်နေသည့် မြန်မာအိမ် အကူလေးသောင်းခန့်ရှိနေကြောင်း မြန်မာ ပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ အဖွဲ့ချုပ် (MOEAF) မှ သိရသည်။

လေကြောင်းလိုင်းတခုဖြင့်သာ သွားရောက်နိုင်သော စင်ကာပူနိုင်ငံသို့ မြန်မာအိမ်အကူလုပ်သားများ ရောက်ရှိနေခြင်းမှာ ဗီဇာထုတ်ပေးသည့် လ၀ကနှင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်တာဝန်ရှိသူများ၏ လွဲမှားသောဆောင်ရွက်မှုများကြောင့်သာဖြစ်ကြောင်း MOEAF အထွေထွေ အတွင်းရေးမှူး ဦးကျော်ထင် ကျော်က ပြောသည်။

''စင်ကာပူက အလုပ်သမားအဖွဲ့အစည်းတွေဆီကသိရတာ မြန်မာအိမ်အကူလေးသောင်းလောက် ဟိုမှာရှိနေ တယ်၊ စင်ကာပူက အောက်လမ်းက သွားလို့ရတာလည်း မဟုတ်ဘူး၊ ဒီကနေ အလည်ဗီဇာဆိုပြီးသွားတယ်၊ ဟိုမှာ အလုပ်လုပ်နေတယ်၊ အသက် ၁၅ နှစ်လောက်ကို ဗီဇာထုတ်ပေးတာ လ၀ကပဲ၊ ဒီလူတွေသွားတော့ မယ်ဆို အလည်အပတ်ဗီဇာကိုင်လာတယ်၊ ဘာလုပ်ဖို့သွားမှာလဲ၊ ရှော့ပင်လား၊ ဒီပုံစံတွေက စင်ကာပူကို ရှော့ပင်ထွက်နိုင်လား၊ လေဆိပ်က လုံခြုံရေးတွေ၊ ၀န်ထမ်းတွေက မသိဘူးလား၊ သေချာမစစ်ဆေးဘူးလား၊ ဘာလို့ရောက်နေတာလဲ'' ဟု ၎င်းက ဝေဖန်သည်။

ဇွန်လ ၇ ရက်တွင် မြန်မာပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများအဖွဲ့ချုပ် (MOEAF) က အမျိုးသားလွှတ် တော်၊ ပြည်တွင်းပြည်ပအလုပ်သမားရေးရာကော်မတီနှင့်တွေ့ဆုံ၍ အဆိုပါကိစ္စကို လိုအပ်သလို ဆောင်ရွက် ပေးပါရန် တင်ပြခဲ့ပြီး ယခင်ကလည်း အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြမှုများရှိကြောင်း ဦးကျော်ထင်ကျော်က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲထွန်းဦးအားဆက်သွယ်မေးမြန်းရာ ၎င်းက ''ဆရာ့ကို ဒီကိစ္စ ဘယ်သူက ပြောလဲဗျ၊ ပြောတဲ့လူကိုပဲမေးကြည့်လိုက်ပါ'' ဟု ပြော၍ ဖုန်းချသွားခဲ့သည်။

နောင်နောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.