မူဆယ်စက်မှုဇုန် ပြည်နယ်အစိုးရ ခွင့်ပြုထား

နေပြည်တော်မှာ ကျင်းပနေတဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ၂၀၁၇ မှာလည်း ဒီစီမံကိန်း အတွက် သက်ဆိုင်ရာ တာဝန်ရှိ သူတွေကို တင်ပြခဲ့

မူဆယ်မှာ ဧက ၃၀၀၀ ကျော် မူဆယ် စီးပွားရေးဇုန် တည်ဆောက်ဖို့ အတွက် ပြည်နယ် အစိုးရက ခွင့်ပြု ထားပြီလို့ ဒီစီမံကိန်း ကို လုပ်ကိုင်မယ့် မော်ရှမ်း ဖွံ့ဖြိုး တိုးတက်ရေး အများပိုင် ကုမ္ပဏီက ပြောပါတယ်။

ပြည်ထောင်စု အစိုးရရဲ့ ခွင့်ပြုချက် ရတာနဲ့ စီမံကိန်း စတင် ဆောင်ရွက်မယ် လို့လည်း အဲဒီ ကုမ္ပဏီရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ က ဦးစောဦးက ပြောပါတယ်။

နေပြည်တော်မှာ ကျင်းပနေတဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ၂၀၁၇ မှာလည်း ဒီစီမံကိန်း အတွက် သက်ဆိုင်ရာ တာဝန်ရှိ သူတွေကို တင်ပြခဲ့ တယ်လို့ ဦးစောဦးက ပြောပါတယ်။

မူဆယ်မြို့ရဲ့ အနောက်ဘက် မူဆယ်နဲ့ နမ့်ခမ်း မြို့ကြားမှာ တည်ဆောက်မှာ ဖြစ်ပြီး ရွာပေါင်း ၁၉ ရွာ လောက် ပြောင်းရွှေ့ ပေးရမှာ ဖြစ်ပါ တယ်။

ကနဦး ဆွေးနွေးချက်တွေ အရ ဒေသခံ ရွာသားတွေရဲ့ သဘောတူညီ ချက်မရပဲ လုပ်လို့ မရဘူးလို့လည်း ဦးစောဦးက ပြောပါ တယ်။

ဒီစက်မှုဇုန် လုပ်ဖို့ ပြည်နယ် အစိုးရက ခွင့်ပြု ပေးထား ပေမယ့် နိုင်ငံတော် အဆင့်က ခွင့်ပြု့ချက် မရရှိသေးပါဘူး။

BBC Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.