မောင်းသူမဲ့ ကုန်သင်္ဘောတွေ ဆွဲတော့မယ်


ဂျပန်နိုင်ငံမှာ လမ်းကြောင်းအတိုဆုံး၊ စိတ်အချရဆုံးနဲ့ လောင်စာအသက်သာဆုံး လမ်းကြောင်းကို ရွေးနိုင်မယ့် မောင်းသူမဲ့ စနစ်တပ်ထားတဲ့ ကုန်သင်္ဘောတွေကို ၂၀၂၅ မှာ စပြီး ပြေးဆွဲနိုင်အောင် ဂျပန်ကုမ္ပဏီတွေက စီစဉ်နေကြပါတယ်။

အခုလို ပြေးဆွဲမယ့် သင်္ဘောတွေမှာ အစပိုင်း ထိန်းကျောင်းဖို့ သင်္ဘောဝန်ထမ်းတွေ လိုက်ပါစေမှာ ဖြစ်ပေမယ့် နောက်ဆုံးမှာ လုံးဝ အလိုအလျောက် ကုန်ပို့မယ့် သင်္ဘောတွေ အဖြစ် ပြေးဆွဲနိုင်အောင် မစ်ဆူအီ အိုအက်စ်ကေ ကုမ္ပဏီနဲ့ နစ်ပွန် ယူဆန် ကုမ္ပဏီတို့က စီစဉ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

ရိုးရွိုက်စ် ကုမ္ပဏီကလည်း အဝေးထိန်း စနစ်နဲ့ ထိန်းချုပ်နိုင်ပြီး သင်္ဘောဦးစီးက ကုန်းပေါ်ကနေပဲ လိုအပ်သလို ထိန်းချုပ်စရာ လိုမယ့် သင်္ဘောသားမပါတဲ့ ကုန်တင်သင်္ဘောတွေကို ၂၀၂၀ မှာ စတင်ပြီး ပြေးဆွဲနိုင်ဖို့ စီစဉ်ထားတဲ့အကြောင်းကို ၂၀၁၆ ခုနှစ် ကတည်းက ကြေညာထားတာ ဖြစ်ပါတယ်။

Photo - Getty Images
BBC Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.