မောင်တောမြို့နယ် ဂေါ်ဒူသာရကျေးရွာအုပ်စု၊ ရွာသစ်ကေကျေးရွာမှ ရာအိမ်မှူးတစ်ဦးအသတ်ခံရ


ဇွန် ၅ ၊၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဂေါ်ဒူသာရကျေးရွာအုပ်စု၊ ရွာသစ်ကေကျေးရွာမှ ရာအိမ်မှူး တစ်ဦး ဇွန် ၄ ရက်နံနက်ပိုင်းက အသတ်ခံရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရာအိမ်မှူး နူရ်အာမိန် ၃၂ နှစ်သည် ဇွန် ၄ ရက် နံနက် ၃ နာရီက ဇနီးဖြစ်သူ မဂျူမာ၊ အကိုဖြစ်သူ ရှော့ပူစ်လစ် တို့နှင်အတူ အိပ်ပျော်နေစဉ် တုတ်၊ ဓားများကိုင်ဆောင်ထားသော အမည်မသိလူ (၁၅) ဦးခန့်မှ နေအိမ်အတွင်း ၀င်ရောက်၍ ရာအိမ်မှူးအား ဖမ်းဆီးခေါ်ဆောင်ပြီး ၄င်း၏ အကိုဖြစ်သူ ရှော့ပူစ်လစ် အား ၀ိုင်းဝန်းရိုက်နှက်သဖြင့် ဒဏ်ရာများ ရရှိခဲ့သည်။


၎င်း၏ ဇနီးဖြစ်သူမှ သက်ဆိုင်ရာသို့ တိုင်တန်းသဖြင့် ဖမ်းဆီးခံရသူ နူရ်အာမိန်အား လိုက်လံ ရှာဖွေရာ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရွာသစ်ကေကျေးရွာ၏ တောင်ဘက် ပုဇွန်ကန်အနီး ဒဏ်ရာများနှင့် သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် မောင်တောဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေး ကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.