အစ္စရေး နိုင်ငံ ဂျေရုဆလင် မြို့ဟောင်း တွင် တိုက်ခိုက်မှု နှစ်ခုဖြစ်ပွား ခဲ့ပြီး ၄ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိ



အစ္စရေး နိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)
    ဂျေရုဆလင် ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

    အစ္စရေး နိုင်ငံ ဂျေရုဆလင် မြို့ဟောင်း တွင် ဇွန်လ ၁၆ ရက်နေ့ ညပိုင်း က တိုက်ခိုက်မှု နှစ်ခု ဖြစ်ပွား ခဲ့ပြီး အစ္စရေး နိုင်ငံ ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံး ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦး နှင့် အရပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကာ တိုက်ခိုက်မှု ပြုလုပ်သူ ၃ ဦး ကို ရဲတပ်ဖွဲ့ မှ ပစ်သတ် နိုင်ခဲ့ကြောင်း သိရှိရသည်။

အစ္စရေး နိုင်ငံ သတင်းမီဒီယာ ၏ ဖော်ပြချက်အရ တိုက်ခိုက်မှု တစ်ခု မှာ ဓားကိုင်ဆောင်သူ တစ်ဦး နှင့် သေနတ် ကိုင်ဆောင်သူ တစ်ဦး တို့က ဒမာသက်မြို့ရှိ လမ်းပေါ်တွင် အစ္စရေး နိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ကို တိုက်ခိုက် ခဲ့ခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ကာ အသက် ၂၀ အရွယ်ရှိ အမျိုးသမီး ရဲတပ်ဖွဲ့ဝင် မှာ ဒဏ်ရာပြင်းထန်မှုကြောင့် ဆေးရုံသို့ပို့ဆောင်ခဲ့ပြီးနောက်တွင် သေဆုံး ခဲ့ကြောင်း ၊ တိုက်ခိုက်မှု ကြောင့် အရပ်သား ၃ ဦးလည်း ဒဏ်ရာရရှိစေခဲ့ပြီး တိုက်ခိုက်သူ ၂ ဦးကို အစ္စရေး ရဲတပ်ဖွဲ့ မှ ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။

နောက်တိုက်ခိုက်မှု တစ်ခု သည် ဂျေရုဆလင် မြို့ဟောင်း တွင် ဖြစ်ပွား ခဲ့ပြီး တိုက်ခိုက်သူ က အစ္စရေး နိုင်ငံ ရဲတပ်ဖွဲ့ဝင် တစ်ဦး ကို ပစ်သတ် ခဲ့ပြီး တိုက်ခိုက်သူ ကို ရဲတပ်ဖွဲ့ မှ ပိတ်ဆို့ ရှင်းလင်း နိုင်ခဲ့ကြောင်း သိရှိရသည်။

သတင်း ဖော်ပြချက်များ အရ ယခု ဖြစ်ပွား ခဲ့သည့် တိုက်ခိုက်မှု နှစ်ခု တွင် တိုက်ခိုက်သူ ၃ ဦး မှာ ပါလက်စတိုင်း နိုင်ငံ သားများ ဖြစ်ကြောင်း သိရှိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.