စင်ကာပူနိုင်ငံသည် အကြမ်းဖက်မှု အန္တရာယ်ခြိမ်းခြောက်ခံနေရကြောင်း ဝန်ကြီးချုပ်ပြော



စင်ကာပူနိုင်ငံဝန်ကြီးချုပ်လီရှန်လွန်း အားတွေ့ ရစဉ်(ဆင်ဟွာ)
    စင်ကာပူ ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

    စင်ကာပူနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုကြုံတွေ့ လာနိုင်ကြောင်း နှင့် “ မည်သည့်နေရာ မည်သည့်အချိန်တွင် ” ဖြစ်ပေါ်နိုင်သည်ကို မပြောနိုင်ကြောင်း စင်ကာပူနိုင်ငံဝန်ကြီးချုပ်လီရှန်လွန်းက ဇွန်လ ၁ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

သြစတြေးလျနိုင်ငံအခြေစိုက် ABC အသံလွှင့်ဌာနနှင့်ပြုလုပ်သော တွေ့ ဆုံမေးမြန်းခန်းတွင် ဝန်ကြီးချုပ်လီက အရှေ့ တောင်အာရှဒေသ၌ ပြန့် နှံ့ နေသော ခွဲထွက်ရေးအုပ်စုများသည် စင်ကာပူနိုင်ငံကို ယခုအခါ ရှင်းရှင်းလင်းလင်းခြိမ်းခြောက်လာနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

စင်ကာပူနိုင်ငံမှ အရေအတွက်အနည်းငယ်နှင့် မလေးရှား ၊ အင်ဒိုနီးရှား နိုင်ငံများမှ တက်ကြွလှုပ်ရှားသူများသည် အရှေ့ အလယ်ပိုင်းဒေသသို့ လှည့်လည်သွားရောက်နေကြောင်း စင်ကာပူဝန်ကြီးချုပ်က ဆိုသည်။ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Marawi မြို့ တွင် တိုက်ခိုက်နေသည့် အကြမ်းဖက်သမားများထဲတွင် စင်ကာပူနိုင်ငံမှ တိုက်ခိုက်ရေးသမားများ ပါဝင်ကြောင်း ဖိလစ်ပိုင်နိုင်ငံက မကြာသေမီကပင် ထုတ်ဖော်ပြောကြားထားသည်။

တိုက်ခိုက်မှုတွင် ဖြစ်ပေါ်လာခြင်းမရှိစေရန် အပြန်အလှန်လေးစားသည့် လူမှုအသိုက်အဝန်းတစ်ခုဖြစ်အောင် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုကို စင်ကာပူနိုင်ငံသားများအား ပြင်ဆင်ပေးလျက်ရှိကြောင်း ဝန်ကြီးချုပ်က ဆိုသည်။“ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကြောင့် အသေအပျောက်အန္တရာယ်ရှိသလို  မွတ်စလင် မဟုတ်သူတွေ နဲ့ မွတ်စလင်တွေအကြား ၊ စင်ကာပူနိုင်ငံထဲက မတူကွဲပြားတဲ့ လူမျိုးတွေ နဲ့  ဘာသာဝင်တွေအကြား ယုံကြည်မှု ကိုလည်း ပျက်ပြားစေပါတယ် ” ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.