လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ဒေါ်တင်ညွန့်အား အမှုဖွင့်ထား


ကညွတ်ကွင်း ဇွန် ၁၄

လူမှုကွန်ရက်Facebook စာမျက်နှာတွင် ယခုလ ၁ဝ ရက် နံနက်ပိုင်းမှ စတင်ကာ နာမည်ကြီးနေသော ဒေါ်တင်ညွန့်အား ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းနယ်မြေရဲတပ်ဖွဲ့စခန်းတွင် ဇွန် ၁၃ ရက် ညနေ ၆ ခန့်က ပုဒ်မ လေးခုဖြင့်အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

''မတင်ညွန့်ကဆဲပြီး မဖွယ်မရာပြုလုပ်လို့ နွားကျောင်းသားက အမှုဖွင့်တာပါ''ဟု ကညွတ်ကွင်းနယ်မြေရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် သပြေလဟာကွင်းရှိ မြေလယ်ဧက ၈၉ဝ ခန့်အား စားကျက်မြေဟုဆိုကာ စပါးခင်းအတွင်း နွားဝင်ကျောင်းသူကို ဒေါ်တင်ညွန့်အပါအဝင်ခုနစ်ဦးက ဆဲဆိုပြီး မဖွယ်မရာပြုမူခဲ့သည် ဟုဆိုကာ နွားကျောင်းသား ကိုဝင်းအေးက လာရောက်တိုင်ကြားသည့်အတွက် အမှုဖွင့်အရေး ယူဆောင်ရွက် ရခြင်းဖြစ်သည်။

''အမှုဖွင့်ထားတာ ကျွန်တော်တို့မသိသေးဘူး။ အမေကတော့ရှက်လို့ တောထဲကနေပြန်မလာဘူး။ ကျွန်တော်တို့ကခုလယ်ထဲမှာ စိုက်ပျိုး ထွန်ယက် လာတာ၂၅ နှစ်ကျော်ကြာပါပြီ။ အဲဒီနေ့ကလည်း ကျွန်တော်တို့ မြို့နယ်မှာလယ်ကိစ္စ အစည်းအဝေးသွားနေတုန်း မိန်းမတွေချည်းကျန်ခဲ့တာ။ နွားတွေတမင် မောင်းထည့်ရင်း၊ အပြန်အလှန်အော်ဟစ်နေရင်းနဲ့ အမေက ချော်လဲသွားတော့ ဖေ့ဘွတ်မှာ တက်လာသလိုဖြစ်သွားရတာပါ။ ခုအမှုဖွင့် ထားတဲ့လူက ဖုံးနဲ့ ရိုက်ပြီး တခြားလူက တင်လိုက်တာ။ ကျွန်တော် တို့ကလည်း တရားပြန်စွဲဖို့ နားလည်တဲ့သူနဲ့ တိုင်ပင်နေပါတယ်။ စိတ်မကောင်း ဘူးပေါ့ဗျာ။ တစ်ရွာတည်း နေသူချင်းက ဒီလိုလုပ်တာကို''ဟု ဒေါ်တင်ညွန့်၏သားဖြစ်သူ ကိုမိုးနိုင်က ပြောသည်။ ဖြစ်စဉ်အား ကညွတ်ကွင်းနယ်မြေရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့် အရေးယူဆောင် ရွက်နေကြောင်း သိရသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.