(၄-၆-၂၀၁၇ ရက်နေ့၊ ရန်ကုန်မြို့)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကနေဒါနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဂျက်စတင်
ထရူးဒိုးနှင့် ဆွီဒင်လွှတ်တော် ဥက္ကဋ္ဌ မစ္စတာ အော်ရိဘန် အာလင်းနှင့် ဆွီဒင်နိုင်ငံ ဝန်ကြီးချုပ်
မစ္စတာ စတီဖန်လိုဗန်တို့၏ ဖိတ်ကြားချက်များအရ ကနေဒါနှင့် ဆွီဒင်နိုင်ငံများသို့ တရားဝင်
ချစ်ကြည်ရေးခရီးသွားရောက်ရန် ယနေ့(၂၃၄၅) နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ
လေကြောင်း ခရီးစဉ်ဖြင့် ထွက်ခွာသွားပါသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊
သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြကြောင်း
သိရှိရပါသည်။
ဓါတ်ပုံ- သတင်းစဉ်
COMMENTS