ထရမ့် အကြောင်း လွှတ်တော်ကြားနာပွဲမှာ ကိုမီ ထွက်ဆိုမယ်



ထရမ့်ရဲ့ သမ္မတ ရာထူးနေရာကို ကိုင်လှုပ်နေ
၂ဝ၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲ ရလဒ် အပေါ် လွှမ်းမိုး နိုင်အောင် ရုရှက စွက်ဖက် ခဲ့တယ် ဆိုတဲ့ စွပ်စွဲ ပြောဆိုချက် အပေါ် ဆီးနိတ် လွှတ်တော်ရဲ့ ထောက်လှမ်းရေး ဆိုင်ရာ ကော်မတီရဲ့ ကြားနာမှုမှာ FBI ထောက်လှမ်းရေး ညွှန်ကြားရေးမှုးဟောင်း ဂျိမ်းစ်ကိုမီ မကြာခင်မှာပဲ လာရောက် ထွက်ဆိုတော့မှာ ဖြစ်ပါတယ်။

မစ္စတာကိုမီဟာ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပတ်သက်ပြီး ကျမ်းကျိန် ထွက်ဆို ရမှာ ဖြစ်ပါတယ်။

ထရမ့်နဲ့ရုရှားကြား လျှို့ဝှက် ပူးပေါင်း ကြံစည်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ စွဲချက်တွေဟာ ထရမ့်ရဲ့ အမေရိကန် သမ္မတ ရာထူးနေရာကို ကိုင်လှုပ် နေပါတယ်။

ထရမ့်ဟာ ဂျိမ်းစ်ကိုမီကို FBI အကြီးအကဲ နေရာက မဖယ်ရှား သေးခင် မစ္စတာ ကိုမီ ပြုလုပ်လက်စ သူလျှို ဖော်ထုတ်ရေး လုပ်ငန်းတွေ ဆက်မလုပ်ဖို့ တားမြစ်ခဲ့ပြီး၊ ကိုမီ အနေနဲ့ သမ္မတ အပေါ် သစ္စာရှိဖို့ တောင်းဆိုခဲ့တယ် ဆိုတဲ့ သတင်း ဟုတ်မှန်သလား ဆိုတာကို ဂျိမ်းစ်ကိုမီတစ်ယောက် ကြားနာပွဲမှာ ဖြေဆိုရဖို့ ရှိနေပါတယ်။

သမ္မတ ထရမ့်က လုံခြုံရေး အကြံပေး အဖြစ် ခန့်ခဲ့ဖူးတဲ့ မိုက်ခ်ဖလင်း အပေါ် FBI က စုံစမ်း နေတယ်ဆိုရင် ဆက်မလုပ်ဖို့ ထရမ့်က ရှင်းရှင်းလင်းလင်းပဲ တားမြစ်ခဲ့တယ် ဆိုတဲ့ အချက်ကို မစ္စတာကိုမီ ထုတ်ဖော် ပြောဆို ထားပါတယ်။

ဒီ ကြားနာပွဲဟာ အမေရိကန် နိုင်ငံရေး သမိုင်းတလျှောက် လူအများ စိတ်ဝင်တစားနဲ့ စောင့်မျှော်နေကြတဲ့ လွှတ်တော် ကြားနာပွဲ တစ်ရပ် ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.