ဆော်ဒီ အိမ်ရှေ့မင်းသားသစ် ခန့်အပ်



ဆော်ဒီနိုင်ငံ အိမ်ရှေ့မင်းသားသစ်အဖြစ် ခန့်အပ်ခံရသော မင်းသား မင်းသား မိုဟာမက် ဘင် ဆဲလ်မန် ဆော့ဒ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ရီယိုက်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

    ဆော်ဒီနိုင်ငံ ဘုရင် ဆဲလ်မန် ဘင် အဗ္ဗဒူလ်လာဇစ် အယ်လ် ဆော့ဒ်သည် အိမ်ရှေ့မင်းသား မိုဟာမက် ဘင် နေ့ဗ် အား ဇွန်လ ၂၁ ရက်က ရာထူးမှ ဖယ်ရှားပြီးနောက် ၎င်း၏ သား ဖြစ်သူ မင်းသား မိုဟာမက် ဘင် ဆဲလ်မန် ဆော့ဒ်အား အစားထိုး ရာထူးအပ်နှင်းလိုက်ကြောင်း အယ်လ်အာရေဗျ တီဗီသတင်း ချန်နယ်တွင် တင်ပြခဲ့သည်။

အယ်လ်အာရေဗျ တီဗီသတင်း ချန်နယ်အရ ဆော်ဒီအာရေဗျ၏ သစ္စာခံ ကောင်စီတွင် မဲခွဲဆုံးဖြတ်ချက်ရာ အဖွဲ့ဝင် ၄၃ ဦးတွင် ၃၁ ဦးက ထောက်ခံမှုဖြင့် မင်းသား မိုဟာမက် ဘင် ဆဲလ်မန် ဆော့ဒ်အား အိမ်ရှေ့မင်းသား အဖြစ် ခန့်အပ်ခဲ့သည်။

မိုဟာမက် ဘင် ဆဲလ်မန်သည် ဒုတိယ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသလို ကာကွယ်ရေး ဝန်ကြီး အဖြစ်လည်း တာဝန် ထမ်းဆောင်ရမည် ဖြစ်သည်။

ထို့ပြင် ဆော်ဒီဘုရင်က အိမ်ရှေ့မင်းသားဟောင်းအား ဆော်ဒီ ပြည်ထဲရေး ဝန်ကြီးအဖြစ်မှ အနားပေးလိုက်ပြီး ယင်း နေရာအတွက် မင်းသား အဗ္ဗဒူလ်လာဇစ် ဘင် ဆော့ဒ် နေ့ဖ်အား အမည်စာရင်း တင်သွင်းလိုက်သည်။

(Xinhua)
http://www.xinhuamyanmar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.