စစ်တွေ ဘောက်သီးစုရပ်ကွက်မှ ၈-တန်းကျောင်းသားတစ်ဦး ပျောက်ဆုံးနေ



Photo - ပျောက်ဆုံးနေသော မောင်စောဝေဖြိုး(ခ) မောင်မဲအောင်၏ ဓာတ်ပုံ
 ဇွန် ၂၁

စစ်တွေမြို့ ဘောက်သီးစုရပ်ကွက်မှ ၈-တန်းကျောင်းသားတစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

အဆိုပါပျောက်ဆုံးနေသည့် ကျောင်းသားမှာ (ဘ)ဦးဘသိန်း၏သား စောဝေဖြိုး (ခ) မောင်မဲအောင် ၊ အသက်-၁၄ နှစ်ရှိသူဖြစ်ကြောင်း သိရသည်။

၎င်းကျောင်းသားပျောက်ဆုံးနေသည်မှာ ဇွန်လ ၁၈ ရက်နေ့မှ ဇွန်လ ၂၁ ရက်နေ့အထိ ၄ ရက်ကြာရှိနေပြီ ဖြစ်ကြောင်း သူ၏မိသားစုများထံမှ သိရသည်။

ယင်းမောင်စောဝေဖြိုးမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးကျေးရွာ အ.ထ.က(တွဲဖက်)ကျောင်းမှ အဋ္ဌမတန်းတွင် ပညာသင်ကြားနေသူဖြစ်ပြီး ဇွန်လ ၁၈ ရက်နေ့က ၎င်းကျောင်းတက်နေသည့်ကျေးရွာမှ သူငယ်ချင်း ၅ ဦးနှင့် အတူ မိဘများရှိသည့် စစ်တွေမြို့သို့ရောက်ရှိလာကြောင်း၊ ယင်းနောက် မိဘအိမ်တွင်တစ်ညအိပ်မည်ဟု ကျန်ခဲ့ပြီး ယင်းနေ့ ညနေ ၅ နာရီအချိန်ခန့်မှ သူငယ်ချင်းများစောင့်ဆိုင်းနေသည်ဟု မိဘများအားပြောဆိုကာ အိမ်မှထွက်သွားကြောင်း သိရသည်။

မိဘများမှစိုးရိမ်ကြောင့်ကြပြီး မောင်စောဝေဖြိုးပညာသင်နေသည့် ပုဏ္ဏားကျွန်းမြို့နယ် ကျွဲထိုးကျေးရွာရှိ ၎င်းနေထိုင်သည့် အိမ်အားဆက်သွယ်မေးမြန်းကြည့်ရာ ၄င်းရွာသို့ရောက်ရှိနေခြင်းမရှိကြောင်းကို သူနေထိုင် ခဲ့သည့်အိမ်မှ အုပ်ထိန်းသူတစ်ဦးက ပြောဆိုခဲ့ကြောင်းသိရသည်။

"အဲဒီကျောင်းသားလေးက မိဘတွေနေမကောင်းလို့ စစ်တွေကိုသွားမယ်ဆိုပြီးတော့ အတန်းပိုင်ဆရာမကို တိုင်သွားတယ်လို့ပြောတယ်။ ကျောင်းအုပ်ဆရာမကြီးကို မေးကြည့်တော့ မောင်စောဝေဖြိုးကျောင်းမလာတာ ၃ ရက်ရှိပြီလို့ပြောတယ် " ဟု ကျွဲထိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဦးစောသိန်းက ရခိုင်ဂေဇက်သို့ပြောသည်။

ယင်းသို့ မောင်စောဝေဖြိုးပျောက်ဆုံးနေကြောင်းကို အဘဖြစ်သူ ဦးမောင်ဘသိန်းမှ စစ်တွေ အမှတ်(၂) နယ်မြေရဲစခန်းတွင် လူပျောက်တိုင်ကြားထားကြောင်း သိရသည်။

By - လင်းလက်ခန့်(လခြမ်းမြီ)၊
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.