ဓားရှည်ကိုင်ရမ်းကားပြီး စက်ဘီးစီးနင်းလာသူတစ်ဦးကို ဓားနှောင့်နှင့်ထုသူ ဖမ်းဆီးအရေးယူခံရ


ရန်ကုန် ဇွန် ၁၅

ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေ ပြည်သာမြို့နယ် ရဲတပ်ဖွဲ့စခန်းအ ပိုင်ဖြစ်သော (၂၅)ရပ်ကွက်တွင် ဇွန်လ ၁၄ရက်နေ့ ညသန်းခေါင်ကျော်က လမ်းမပေါ်၌ ဓားရှည်ကိုင်ရမ်းကား ပြီးစက်ဘီးစီးနင်းလာသူတစ်ဦးကို ဓားနှောင့်ဖြင့်ထုရိုက်ခဲ့သူ အမျိုး သားတစ်ဦးအား နယ်မြေလှည့် ကင်းဆောင်ရွက်လျက်ရှိသော ရဲ တပ်ဖွဲ့ဝင်များကတွေ့ရှိ၍ ဖမ်းဆီး အရေးယူခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ လှော်ကားနယ်မြေ ရဲစခန်းမှ ရဲတပ်ကြပ် စံရွှေအောင် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ သည် သက်သေရာအိမ်မှူးများနှင့် အတူ ရပ်ကွက်အတွင်း မှုခင်းကျ ဆင်းရေးအတွက် နယ်မြေလှည့် ကင်းဆောင်ရွက်လျက်ရှိစဉ် (၂၅) ရပ်ကွက် ပြည်တော်သာလမ်းသို့ အရောက် ဆူညံသံများကြားရ၍ သွားရောက်ကြည့်ရှုစစ်ဆေးရာ အေးမင်းထွန်းဆိုသူမှာ ရွှေရောင် အနက်ကျား နဂါးရုပ်လက်ကိုင် တပ် အရိုးရှစ်လက်မ၊ အသွား လက်မ ၂ဝ ခန့်ရှိ ငှက်ကြီးတောင် ဓားထိပ်ဦးချွန်တစ်ချောင်းကို ကိုင်ဆောင်ရမ်းကားနေသည့်အပြင် စက်ဘီးစီးနင်းလာသူ အမျိုးသား တစ်ဦးကို ဓားနှောင့်နှင့် ထုရိုက် နေသည်ကိုတွေ့ရှိ၍ သက်သေများ နှင့်အတူ ရဲစခန်းသို့ ဖမ်းဆီးခေါ် ဆောင်ခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်၍ လူ့အသက်အန္တရာယ် ကိုဖြစ်စေနိုင်သော ဓားရှည်ကိုင် ရမ်းကားလျက် အမျိုးသားတစ်ဦး အား နာကျင်အောင် ကိုယ်ထိလက် ရောက်ပြုလုပ်သူ အေးမင်းထွန်း (၃၁နှစ်)၊အမှတ်(၃၂၅) ပြည်တော် သာလမ်း (၂၅)ရပ်ကွက် ရွှေပြည် သာ မြို့နယ်နေသူအား လှော်ကား နယ်မြေရဲစခန်းမှ (ပ)၅ဝ၆/၂ဝ၁၇ လက်နက်ပုဒ်မ ၁၉(ခ) ဖြင့်အမှုဖွင့် အရေးယူထားသည်။

ကိုကိုနိုင်
The Union Daily
https://www.facebook.com/uniondaily.net/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.