အင်းစိန်မြို့နယ် ရွှေပြည်သာတံတားပေါ်မှ အမျိုးသားတစ်ဦးခုန်ချခဲ့သဖြင့် ပူးပေါင်းရှာဖွေလျက်ရှိ


ရန်ကုန်၊ ဇွန် ၂၉

ဇွန်လ ၂၈ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ ရွှေပြည်သာတံတားပေါ်မှ အမျိုးသားတစ်ဦး ခုန်ချသွားကြောင်းသတင်းအရ အင်းစိန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါတံတားပေါ်ရှိ ရေလည်တိုင်အမှတ်(၂)အနီးတွင် နီ/နက်ကြား ဘေးလွယ်အိတ်အသေးအတွင်းမှ 09973177257 နံပါတ်ပါ အော်ရီဒူးအနက်ရောင် လက်ကိုင်ဖုန်း(၁)လုံး၊ ချမ်းမြေ့သီဟ အမည်ပါ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် ၁၂/ရပသ(နိုင်)၀၅၅၈၃၇ (၁)ခုနှင့် ချည်မျှင်နှင့်အထည် စက်ရုံဝန်ထမ်းကတ်(၁)ခု၊ ကျောင်းသားကတ်(၃)ခု၊ အမျိုးသားသွေးလှူ
ဌာနအမည်ပါကတ်(၁)ခု၊ သော့တွဲ(၁)ခု၊ နာရီ(၁)လုံး၊ နားကြပ်(၁)ခု တို့အားတွေ့ရှိရပြီး ၎င်းမှာရွှေပြည်သာမြို့နယ်နေသူဖြစ်ကြောင်း သိရှိရပါသည်။

ယင်းကဲ့သို့ ဖြစ်စဉ်ဖြစ်ပွားခဲ့သဖြင့် အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့ဝင်များက လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့၊ ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့တို့နှင့်အတူ ပူးပေါင်းရှာဖွေလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.