အမျိုးသား ကျန်းမာရေး အာမခံစနစ် ထူထောင်ရန် လွှတ်တော် အတည်ပြု



နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၀န်ကြီးရုံးအားတွေ့ရစဉ် (ဆင်ဟွာ)
    နေပြည်တော်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

    နိုင်ငံသားတိုင်းအား ထိရောက်သည့် ကျန်းမာရေး ၀န်ဆောင်မှုများ အချိန်မီ ရရှိစေမည့် အမျိုးသား ကျန်းမာရေး အာမခံ စနစ် ထူထောင်ရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ယနေ့  ပြည်သူ့ လွှတ်တော်၌ ဆွေးနွေး အတည်ပြုခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့  မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စံရွှေဝင်း၏ အဆိုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အပါအ၀င် ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးတို့ က ယနေ့ ပြည်သူ့ လွှတ်တော်တွင် ဆွေးနွေးခဲ့ကြရာ ၁၃ ဦးတို့ က ထောက်ခံ ဆွေးနွေးခဲ့ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးကလည်း ၎င်းအဆိုကို အတည်ပြုသင့်ကြောင်း သဘောထား တင်ပြခဲ့သည့် အတွက် ပြည်သူ့ လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

“အမျိုးသား ကျန်းမာရေး အာမခံစနစ်(National Health Insurance System)တည်ထောင် ဆောင်ရွက်နိုင်ရန် resource and technical support လိုအပ်ပါသဖြင့် အချိန်ယူပြီး plan ချမှတ် ဆောင်ရွက်သင့်ကြောင်း အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနက တင်ပြခဲ့ပါတယ်၊ ကုသရေး ဦးစီးဌာန၊ ကျန်းမာရေး လူ့ စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ ဆေးသုတေသန ဦးစီးဌာနနဲ့  အားကစားနှင့် ကာယပညာ ဦးစီးဌာနတွေကလည်း ဒီအဆိုကို အတည်ပြုသင့်ကြောင်း တင်ပြခဲ့ပါ တယ်၊ သို့ ပါ၍ ဒေါက်တာ စံရွှေဝင်းရဲ့ အစိုးရအား တိုက်တွန်းကြောင်း အဆိုကို အတည်ပြုသင့်ပါ ကြောင်း ဖြေကြားအပ်ပါတယ်” ဟု ပြည်ထောင်စု ၀န်ကြီးက ပြောခဲ့သည်။

ထိုသို့  ဆောင်ရွက်နိုင်ရန် လိုအပ်သည့် ဥပဒေများ ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်း၊ နည်းဥပဒေများ ထုတ်ပြန်ခြင်း၊ ပြည်သူလူထုက နားလည်လက်ခံကာပူးပေါင်းဆောင်ရွက်လာရေးအတွက် ကြိုးပမ်းခြင်းတို့ ကို သက်ဆိုင်ရာ ၀န်ကြီးဌာနများ၊ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ ပြည်သူလူထု အခြေပြု အဖွဲ့ အစည်းများ၊ စသည့် ကဏ္ဍပေါင်းစုံ ပူးပေါင်း ပါဝင် ဆောင်ရွက်ရန် လိုအပ်ကြောင်း လည်း ဒေါက်တာ မြင့်ထွေးက ပြောခဲ့သည်။

နိုင်ငံတော်သည် ကျန်းမာရေးအသုံးစရိတ်ကို ၂၀၀၉ ခုနှစ်တွင် GDP ၏ ၀ ဒသမ ၂ ရာခိုင်နှုန်းသာ သုံးစွဲခဲ့ရာမှ ၂၀၁၄ တွင် GDP ၏ ၁ ရာခိုင်နှုန်းကျော် သုံးစွဲခဲ့သော်လည်း စိန်ခေါ်မှုများ ရှိနေဆဲ ဖြစ်ကြောင်း၊ ၂၀၁၀ ခုနှစ် WHO ၏ လူတစ်ဦးချင်းစီ၏ ရှင်သန် သက်မွေးမှုဆိုင်ရာ တစ်နှစ်တာ အခြေခံ လိုအပ်ချက်မှာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၄၅ ဒေါ်လာ ရှိရာ မြန်မာနိုင်ငံ လူဦးရေ ၅၂ သန်းအတွက် တစ်နှစ်လျှင် ဒေါ်လာ သန်း ၂၆၀၀ ခန့်  လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ လက်ရှိ ကျခံမှုမှာ တစ်နှစ်လျှင် ဒေါ်လာ ၆၀၀ မှ ၇၀၀ ကြားသာ ရှိသဖြင့် လိုအပ်ချက် များစွာ ရှိနေကြောင်း၊ လူတိုင်း လက်လှမ်းမီ

သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းသည် အရည်အသွေးပြည့် ကျန်းမာ ရေး စောင့်ရှောက်မှု လုပ်ငန်းများကို လူတိုင်းအား ငွေကြေးပြသနာ လုံးဝ မရှိဘဲ ရရှိစေမည်ဖြစ် ကြောင်း၊ ပြည်သူအားလုံးကို လွှမ်းခြုံမည့် အမျိုးသား ကျန်းမာရေး အာမခံ စနစ်သည် ဥပဒေနှင့်အညီ လူတိုင်း မပါမဖြစ် ပါဝင်ရသော စနစ်ဖြစ်ကာ လူတိုင်း လက်လှမ်းမီသည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းစဉ်များသို့ ရောက်ရှိအောင် ပို့ ပေးနိုင်သည့် စနစ် ဖြစ်ကြောင်း၊ အဓိကအားဖြင့် နိုင်ငံတော်က ကောက်ယူရရှိသော အခွန်အခ ၀င်ငွေဖြင့် မတည် ထူထောင်ကာ နိုင်ငံသားတိုင်းက တစ်ဦးချင်း ထည့် ၀င်ရမည့် ငွေကြေးပမာဏ အနည်းဆုံး ဖြစ်ရန် စီမံနိုင်ကြောင်း၊ တစ်ဦးချင်း ထည့်ဝင်ငွေ မတတ်နိုင် သော ဆင်းရဲချို့ တဲ့သူများအတွက် နိုင်ငံတော် ဘဏ္ဍာငွေဖြင့် စိုက်ထုတ်ပေးခြင်း၊ သို့ မဟုတ် နိုင်ငံ တော်က ရှာဖွေ စီမံခြင်းတို့ ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com

COMMENTS

Name

art,1,article,1293,cartoon variety,22,crime,63,culture,1,documentary,7,Entertainment,5,health,30,history,2,international,6925,interview,212,knowledge,7,Live,8,LocalNews,15028,news,2842,opinion,757,photos,202,poem,115,satires,38,song,12,speech,12,sports,132,statement,59,technic,52,translate,33,video,1065,voice,76,
ltr
item
dawnmanhon: အမျိုးသား ကျန်းမာရေး အာမခံစနစ် ထူထောင်ရန် လွှတ်တော် အတည်ပြု
အမျိုးသား ကျန်းမာရေး အာမခံစနစ် ထူထောင်ရန် လွှတ်တော် အတည်ပြု
https://3.bp.blogspot.com/-ZupAibSscUU/WUvbEmX9V-I/AAAAAAABOpA/ifkDmHY7YS8YqC5Gsp5h7MPW50igYOhtgCLcBGAs/s400/4.jpg
https://3.bp.blogspot.com/-ZupAibSscUU/WUvbEmX9V-I/AAAAAAABOpA/ifkDmHY7YS8YqC5Gsp5h7MPW50igYOhtgCLcBGAs/s72-c/4.jpg
dawnmanhon
http://www.dawnmanhon.com/2017/06/blog-post_311.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2017/06/blog-post_311.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy