ဘေဂျင်းဝန်းကျင်က လုပ်ငန်းအများစု လေထုညစ်ညမ်း စည်းကမ်းမလိုက်နာ



ကာဘွန်ဒိုင်အောက်ဆိုဒ်နဲ့ တခြားဓါတ်ငွေ့ ထွက်ရှိခွင့် ကျော်လွန်နေတာ၊ ခွင့်ပြုမိန့် မရှိပဲ လုပ်နေတာ၊ ဒါမှမဟုတ် လေထုညစ်ညမ်းမှုကို ထိန်းချုပ်နိုင်မယ့် ပစ္စည်း ကိရိယာ မရှိတာ စသဖြင့် အမျိုးမျိုး ရှိ
တရုတ်နိုင်ငံရဲ့ မြို့တော် ဘေဂျင်း အနီးတဝိုက်မှာ ဖွင့်လှစ်ထားတဲ့ လုပ်ငန်းတွေထဲက ၇၀ ရာခိုင်နှုန်းကျော်ဟာ လေထုညစ်ညမ်းခြင်းဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ထားတာကို တွေ့ရတယ်လို့ တရုတ်အစိုးရက ပြောပါတယ်။

သုတေသီတွေရဲ့ တွေ့ရှိချက်အရ ဒီလုပ်ငန်းတွေဟာ လုပ်ငန်းအရ ခွင့်ပြုထားတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်နဲ့ တခြားဓါတ်ငွေ့ ထွက်ရှိခွင့် ကျော်လွန်နေတာ၊ ခွင့်ပြုမိန့် မရှိပဲ လုပ်နေတာ၊ ဒါမှမဟုတ် လေထုညစ်ညမ်းမှုကို ထိန်းချုပ်နိုင်မယ့် ပစ္စည်း ကိရိယာ မရှိတာ စသဖြင့် အမျိုးမျိုး ရှိနေတာပါ။

အခုလို စစ်ဆေးမှုတွေကို တရုတ်နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းက မြို့ပေါင်း ၂၈ မြို့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို တွေ့ရှိချက်ကြောင့် တရုတ်ကုမ္ပဏီတွေဟာ အစိုးရရဲ့ တင်းကြပ်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး မူဝါဒတွေကို ဗြောင်ကျကျ လျစ်လျူရှုထားတယ်ဆိုတဲ့ သံသယတွေကိုလည်း အတည်ပြုပေးလိုက်သလို ဖြစ်နေပါတယ်။

WHO က သတ်မှတ်ထားတဲ့ လေထု အရည်အသွေး သတ်မှတ်ချက်မှာ နှစ်စဉ် လေထု တကုဗ မီတာမှာ အန္တရာယ်ပေးနိုင်တဲ့ အမှုန် ၂၅ မိုက်ခရိုဂရမ်အထိပဲ ရှိသင့်တယ်ဆိုပေမယ့် ၂၀၁၆အတွင်း ဘေဂျင်းလေထု တကုဗ မီတာမှာ အန္တရာယ်ပေးနိုင်တဲ့အမှုန် ၇၃ မိုက်ခရို ဂရမ်အထိ ပါဝင်နေတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.