မြောက်ကိုရီးယားခေါင်းဆောင်ဟောင်းကို ကြံ့ခိုင်ရေးပါတီအရာရှိ ချီးကျူး

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Il တည်ထောင်ခဲ့တဲ့ Worker Party of Korea ကိုရီးယား အလုပ်သမားပါတီ ဗဟိုကော်မတီ အထိမ်းအမှတ်
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Il တည်ထောင်ခဲ့တဲ့ Worker Party of Korea ကိုရီးယား အလုပ်သမားပါတီ ဗဟိုကော်မတီ စတင် တည်ထောင်တဲ့ ၅၃ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ်နဲ့ နီပေါနိုင်ငံရေးပါတီ နဲ့ မြန်မာနိုင်ငံက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရန်ကုန်တိုင်းဒေသကြီးဆိုင်ရာ အတွင်းရေးမှုး ဦးသာဝင်းတို့က ဇွန်လ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တို့မှာ ကြေညာချက် အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

နီပေါကွန်မြူနစ်ပါတီရဲ့ ကြေညာချက်မှာတော့ သမိုင်းဝင် အလုပ်သမားပါတီ ဗဟိုကော်မီတီ တည်ထောင်တဲ့နေ့မှာ Kim Jong Il ကို ကြီးကျယ်ခမ်းနားဆုံး ပုဂ္ဂိုလ်အဖြစ် ဂုဏ်ပြုလိုက် ကြောင်း ဖေါ်ပြထား ပါတယ်။ ဒါ့အပြင် ကြေညာချက်ထဲမှာ Kim Jong Il ဟာ စစ်မှန်တဲ့ ဆိုရှယ်လစ်နဲ့ တော်လှန်ရေးပါတီ အခြေခံမူဝါဒတွေကို ချမှတ်ခဲ့သူ ဖြစ်ပြီးအတွေးအခေါ်နဲ့ သဘောတရာရေးရာ ထက်မြက်သူ တဦးဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရန်ကုန်တိုင်းဒေသကြီးဆိုင်ရာ အတွင်းရေးမှုး ဦးသာဝင်းကတော့ Kim Jong Il ဟာ မြောက်ကိုရီးယား ပြည်သူလူထု၊ ပါတီနဲ့ စစ်တပ်ကို ထူးခြားတဲ့ အတွေးအခေါ်နဲ့ အောင်မြင်အောင် ဦးဆောင်ခဲ့တဲ့ ထင်ရှားတဲ့ ခေါင်းဆောင်ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။ ဒါ့အပြင် သူ့ရဲ့ ဦးဆောင်မှု၊ ထူးခြားတဲ့ အတွေးအခေါ်နဲ့ ကမ္ဘာတဝှမ်း လွတ်လပ်ရေးအတွက် ကြီးမားတဲ့ အောင်မြင်မှုရအောင် သမိုင်းတလျှောက် သူ့လောက် လုပ်ဆောင်နိုင်သူ မရှိခဲ့ဘူးလို့ပါ ဖေါ်ပြထားးကြောင်း မြောက်ကိုရီးယား အစိုးရရဲ့ KCNA သတင်းမှာ ဖေါ်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.