တနိုင်းဒေသ မှော်တွေကို ဝင် ရှင်းလင်းမယ်လို့ စစ်တပ် သတိပေး



ဇွန်လ ၅ ရက် နောက်ဆုံး ထား ထွက်ခွာ ကြဖို့ သတိပေး
အစိုးရ စစ်တပ်ကနေ နယ်မြေ ရှင်းလင်းရေးတွေ လုပ်ဆောင်မယ် ဆိုတဲ့ သတိပေးမှုကြောင့် ကချင်ပြည်နယ်၊ တနိုင်း မြို့နယ်ထဲမှာ ရှိတဲ့ ရွှေနဲ့ ပယင်း မှော်တွေမှာ အလုပ်လုပ် နေသူတွေ၊ ဒေသခံ ကျေးရွာက သူတွေ ထောင်ချီပြီး တနိုင်းမြို့ပေါ် ရှိရာ ပြေးလာ နေကြပါတယ်။

တရားဝင် မဟုတ်ပဲ တူးဖော်နေတဲ့ တနိုင်းမြို့နယ်ထဲက မှော်တွေကြောင့် သဘာဝ ပတ်ဝန်းကျင် နဲ့ ဂေဟ စနစ် ထိခိုက် ပျက်စီးရတယ် ဆိုပြီး လာမယ့် ဇွန်လ ၅ ရက် နောက်ဆုံး ထား ထွက်ခွာ ကြဖို့ အစိုးရ စစ်တပ်က လေယာဉ်ကနေ သတိပေးစာတွေ ကြဲချ ခဲ့ပါတယ်။

ထွက်မသွားတဲ့ သူတွေကို ကချင်လက်နက်ကိုင် KIA နဲ့ ပူးပေါင်း နေသူတွေ အဖြစ် သတ်မှတ်မယ် လို့ လေယာဉ်ပေါ်က ကြဲခဲ့တဲ့ စာတွေထဲ ဖော်ပြထားပြီး အစိုးရ စစ်တပ်က နယ်မြေ ရှင်းလင်းတဲ့အခါ သေဆုံး ဒဏ်ရာရတာတွေ မဖြစ်စေချင်လို့ ကြိုတင် အကြောင်းကြရတာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ဒါ့ကြောင့် အဲဒီ သတိပေးစာ ရရှိထားတဲ့ ချောင်းဆုံ၊ နန်ဗြူ၊ ဇီးဖြူကုန်းနဲ့ ညောင်ပင်ကုန်း အပါအဝင် ရွှေနဲ့ ပယင်း တူးနေတဲ့ နေရာက သူတွေ၊ ပတ်ဝန်းကျင် ကျေးရွာ တချို့က သူတွေ ထောင်ချီပြီး ပြေးလာ နေကြလို့ သူတို့ကို တနိုင်း မြစ်ကြောင်း အတိုင်း စက်လှေတွေနဲ့ သွားရောက် ခေါ်ယူ နေတယ်လို့ ကူညီရေး လုပ်ဆောင် နေသူတွေက ဘီဘီစီကို ပြောပါတယ်။

တနိုင်း ပတ်ဝန်းကျင် ဒေသတွေမှာတော့ အစိုးရ စစ်တပ်က သတိ ပေးထားတဲ့ နောက်ဆုံး ရက် မတိုင်ခင်မှာကို တိုက်ပွဲတွေ ရှိနှင့် နေပြီး လက်နက်ကြီး ပစ်ခတ်သံတွေကို တနိုင်းမြို့ပေါ် ကနေ ကြား နေရတယ်လို့ ဆိုပါတယ်။

တနိုင်းကို ရောက်လာတဲ့ အခါ ကချင် နှစ်ခြင်း အသင်းတော် ခရစ်ယာန် ဘုရားကျောင်းဝင်းထဲ နေရာချဖို့ စီစဉ်ထားတယ်လို့ ကူညီရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.