မြောက်ကိုရီးယား သင်္ဘောပစ်ဒုံးကျည်စမ်းသပ်



မြောက်ကိုရီးယား သင်္ဘောပစ်ဒုံးကျည်စမ်းသပ်သည့်နေရာ
မြောက်ကိုရီးယား အစိုးရက ဒီကနေ့ ကြာသပတေးနေ့ အစောပိုင်းမှာ သဘောင်္တွေကို ပစ်တဲ့ ဒုံးကျည်တွေလို့ ယူဆရတဲ့ ဒုံးကျည် စမ်းသပ်မှုတွေ လုပ်ခဲ့ပါတယ်။ ဒီစမ်းသပ်မှုနောက်ပိုငးမှာတော့ မြောက်ကိုရီးယား အနေနဲ့ နျူးကလီးယားနဲ့ ဒုံးကျည်တွေနဲ့ ရန်စတဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်ဖို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက ပြောဆိုလိုက်ပါတယ်။

တောင်ကိုရီးယား အစိုးရ အနေနဲ့ အမျိုးသား လုံခြုံရေး၊ ပြည်သူတွေ ဘေးကင်းရေး အတွက် စေ့စပ်ညှိနှိုင်းရေးကို ဘယ်နည်းနဲ့မှ လက်လွှတ်မှာ မဟုတ်ဘူးလို့ သမ္မတက ပြောတာပါ။ ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ စေ့စပ်ဆွေးနွေးမှုတွေနဲ့ မြောက်ကိုရီးယားရဲ့ နျူးကလီးယား လက်နက်တွေ အပြည့်အ၀ ကင်းစင်သွားရေး အစိုးရ အနေနဲ့ ခိုင်ခိုင်မာမာ ဆောင်ရွက်သွားမယ်လို့လည်း သမ္မတ မွန်ဂျေအင်းက ပြောပါတယ်။

မြောက်ကိုရီးယားက နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်းမြို့ Wonsan ကနေ ဒီကနေ့ ကြာသပတေးနေ့ မနက်ပိုင်းမှာ ဒုံးကျည်တွေ စမ်းသပ်ခဲ့တာမှာ ကီလိုမီတာ ၂၀၀ လောက် အထိ အဝေးထိ ရောက်ရှိခဲ့ပြီး ဂျပန် ပင်လယ်ထဲကို ကျရောက်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့က ပြောဆိုထားတာပါ။ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီက ပြီးခဲ့တဲ့ သတင်းပတ်ကမှ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း အစိုးရ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ ချမှတ်ပြီးနောက်မှာ ထွက်ပေါ်လာတဲ့ ဒုံးကျည် စမ်းသပ်မှုကတော့ တလတာ ကာလ အတွင်း လေးကြိမ်မြောက် စမ်းသပ်မှု ဖြစ်ပါတယ်။ အရင် သုံးကြိမ်ကတော့ ပဲ့ထိန်းတပ်ဒုံးကျည်တွေကို စမ်းသပ်ခဲ့တာပါ။ အမေရိကန် ပြည်ထောင်စု အထိ ရောက်ရှိနိုင်မယ့်၊ နျူးကလီးယား ထိပ်ဖူးသယ်ဆောင်နိုင်စွမ်းကို စမ်းသပ်ခဲ့တာလို့ ယူဆကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.