ဒေါ်အောင်ဆန်းစုကြည်၏ ၇၂ နှစ်မြောက် မွေးနေ့ကို ကြိုဆိုသောအားဖြင့် နောက်ဖေးလမ်းကြား ပန်းဥယျာဉ်သစ်ဖွင့်လှစ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၂ နှစ်မြောက် မွေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန် ကျောက်တံတားမြို့နယ်ရှိ နောက်ဖေးလမ်းကြား ပန်းဥယျာဉ်သစ်တခုကို ဇွန်လ ၁၇ ရက်နေ့က ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ယင်းမြို့နယ် အ မှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြလှစံက News Watch သို့ ပြောသည်။

၂၀၁၇ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၂ နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျောက်တံတားမြို့နယ် ၃၉ လမ်းနှင့် ဆိပ်ကမ်းသာလမ်း (အလယ်ဘလောက်)ရှိ နောက်ဖေး လမ်းကြား ပန်းဥယျာဉ်နှင့် ကလေးကစားကွင်းကို ပန်းချီအနုပညာလက်ရာများဖြင့် အကောင်အထည်ဖော်ဆောင်ရွက် ထား ခြင်းဖြစ်သည်။

“နိုင်ငံတော်အတိုင်ပင်ခံရဲ့ ၇၂ နှစ်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ ဖွင့်လှစ်လိုက်တာပါ။ ဒီကကစားကွင်းမှာ စီးလျှော၊ ဒန်း မြင်းရုပ် အဲလိုမျိုး ကလေးတွေအတွက် ကစားဖို့ပစ္စည်းတေရှိတယ်။ လိုအပ်ချက်အရ ကစားစရာပစ္စည်းတွေ ထပ် ထည်းဖို့လည်း ရှိပါတယ်။ ရပ်ကွက်၊ လမ်းထဲက ဘယ်ကလေးမဆို လာဆော့လို့ရပါတယ်” ဟု ဒေါ်မြလှစံကပြောသည်။

ယင်းကစားကွင်းအား ထိန်းသိမ်းရန်အတွက် ကော်မတီတရပ်ဖွဲ့စည်းကာ စည်းကမ်းတကျ ထိန်းသိမ်းနိုင်ရန်နှင့် ပတ်ဝန်းကျင်ဆူညံမှုမရှိစေရန်လည်း ကြတ်မတ်သွားမည်ဖြစ်ကြောင်း ဖွင့်လှစ်ချိန်ကို နံနက် ၉ နာရီမှ ညနေ ၅ နာရီ သတ်မှတ်ရန်စီစဉ်ထားကြောင်း ၄င်းကပြောသည်။

အဆိုပါ ကစားကွင်းဖော်ဆောင်ရန်အတွက် မြို့နယ်စည်ပင်လမ်းတံတားမှ လမ်းခင်းလင်းပေးခဲ့ခြင်းဖြစ်ပြီး ဒို့အိမ်အမည်ရှိ NGO အဖွဲ့နှင့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့တော်စည်ပင်၊ အမှတ်(၈)ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

နောက်ဖေးလမ်းကြား ပန်းဥယျာဉ်စီမံချက်ကို ပန်းဘဲတန်းမြို့နယ် ၂၇ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းတို့တွင်လည်း ဖွင့်လှစထားကြောင်း သိရသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.