နီပေါဝန်ကြီးချုပ်အဖြစ် ရှာဗဟာဒူးဒိုဘာအား တင်မြှောက်


ခတ္တမန္တူ၊ ဇွန် ၇ ။ ။ နီပေါနိုင်ငံ၏ ၄၀ ယောက်မြောက် ဝန်ကြီးချုပ်အဖြစ် နီပေါကွန်ဂရက်ပါတီ NC ခေါင်းဆောင်အကြီးအကဲ ရှာဗဟာဒူးဒိုဘာက တင်မြှောက်ခံရသည်။

ပြီးခဲ့သည့်လက ရာထူးအနားယူခဲ့သည့် ကွန်မြူနစ်ပါတီမှ ကာမယ်ဒါဟယ်ထံမှ ဝန်ကြီးချုပ်တာဝန်လွှဲပြောင်းခြင်းကို လွှတ်တော်က သဘောတူပြီး နောက်တစ်နေ့တွင် တင်မြှောက်ခြင်းဖြစ်သည်။

ဗဟာဒူးသည် ဝန်ကြီးချုပ်ရာထူးအား ၁၉၉၆ မှ ၂၀၀၅ ခုနှစ်အတွင်း သုံးကြိမ်သုံးခါ တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

ဗဟာဒူးက သမ္မတနန်းတော်တွင် သမ္မတ ဘီဒါယာဒီဗီဘဟန်ဒါရီ ရှေ့မှောက်၌ ကျမ်းသစ္စာဆိုခဲ့သည်။

အဆိုပါကျမ်းသစ္စာဆိုပွဲတွင် ဒုတိယဝန်ကြီးချုပ်သုံးဦးတို့လည်း အသီးသီးကျမ်းသစ္စာဆိုခဲ့ကြသည်။
Mizzima - News in Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.