နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုဖို့ အစီအစဉ် မရှိသေး



ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး ကို နေပြည်တော်မှာ ဇွန်လ ၂၁ ရက်နေ့ က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးမှာ တွေ့ရစဉ်။ Photo: Win Ko Ko Latt/RFA
နိုင်ငံရေးအကျဉ်းသားနဲ့ နိုင်ငံရေးပြစ်မှုဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ လတ်တလော အစီအစဉ်မရှိသေးဘူး လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုး က ဒီကနေ့ ပြောကြားခဲ့ပါတယ်။

အမျိုးသားလွှတ်တော်မှာ ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် ၄ က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်က အစိုးရသစ်လက်ထက်မှာ နိုင်ငံရေးအကျဉ်းသား ဒါမှမဟုတ် ယုံကြည်ချက် ကြောင့် အကျဉ်းကျ ခံနေရတဲ့ အကျဉ်းသားအားလုံး တယောက်မကျန်လွှတ်ပေးဖို့ အစီအစဉ်ရှိ၊ မရှိ ဒီနေ့ မေးမြန်းခဲ့ရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက လွှတ်ပေးပြီးဖြစ်တဲ့ အကျဉ်းသားတွေရဲ့အခြေအနေကို ဖြေကြားခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အစည်းအဝေးအပြီးမှာ သတင်းသမားတွေကို ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးကို နိုင်ငံရေး အကျဉ်းသားအဓိပ္ပာယ် ဖွင့်ဆိုမှုနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ အဓိပ္ပာယ်ဖွင့်ဆိုဖို့ လတ်တလော အစီအစဉ်မရှိသေး ဘူးလို့ ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုဖို့အတွက် လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီကို ပြီးခဲ့ တဲ့ အစိုးရလက်ထက်က နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP အပါအဝင် အရပ်ဖက် အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပေမယ့် မပြီးမြောက်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ အစိုးရသက်တမ်းမှာ အကျဉ်းသားဦးရေ ၅သောင်းကျော် လွှတ်ပေးခဲ့ပြီး လက်ရှိအစိုးရ လက်ထက်မှာ အကျဉ်းသားဦးရေ ၂၄ဝဝ ကျော်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.