ပုသိမ် မုံရွာကားလမ်းမကြီးပေါ် သုံးပေအမြင့်ထိ ရေကျော်နေဟုဆို


မကွေးတိုင်းဒေသကြီး ၊မင်းတုန်းမြို့နယ် မဲဇလီကျေးရွာအနီးရှိ ပုသိမ် မုံရွာကားလမ်းမ ၊ မိုင်တိုင်အမှတ်၂၀၄ တွင် ဇွန်လ ၁၃ ရက် နံနက်ပိုင်းက မိုးသည်းထန်းစွာရွာသွန်းခဲ့သောကြောင့် ကားလမ်းရေကျော်မှုများဖြစ်ပွား၍လမ်း ခေတ္တပိတ်ထားခဲ့ရကြောင်း မင်းတုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအေးလှိုင်ဦးက ပြည်မြန်မာသို့ပြောသည်။


"နေ့လယ်နှစ်နာရီဝန်းကျင်အထိတော့ ရေကြီးနေပါသေးတယ် ရေက သုံးပေ၀န်းကျင်လောက်အထိ အမြင့်ရှိတော့ ကားတွေကို မဖြတ်ခိုင်းဖို့ အဲ့ဒီက ရဲတပ်ဖွဲ့ဝင်တွေကိုတော့ သေချာပြောထားပါတယ်၊တကယ်လို့ ရေသာဆက်ပြီးတိုးလာမယ်ဆိုရင်တော့ ရေလျော့ကျတဲ့အထိတော့ ကားတွေက စောင့်နေရအုံးမှာပါ၊ ဒေသခံတွေကတော့ လွန်ခဲ့တဲ့နှစ်တွေကဒီလောက်ကြီးမကျော်ဘူး၊ သူတို့တွေလည်းအံ့သြနေကြပါတယ်၊အရင်တုန်းကဖြစ်ရင်ခဏလေးပဲ၊ဒီလောက်လည်းမကြာဘူး၊ရေစီးလည်းမသန်ဘူး၊ဒါပေမယ့် အခုတစ်ခေါက်ကတော့ ကားကြီးတွေတောင် ဖြတ်မရတဲ့အထိကို ရေစီးသန်တယ် ” ဟု ယင်းကဆိုသည်။


လတ်တလောတွင် လမ်း၏ပေ ၅၀၀ ၀န်းကျင်ခန့်အတွင်း ရေကျော်နေကြောင်း၊ဖြစ်ပွားရခြင်းမှာ ရေစီးရာချောင်း၏ ဦးတည်မှုလမ်းကြောင်းပြောင်းလဲသွားခြင်းတို့ကြောင့် ဖြစ်နိုင်မည်ဟု လက်တလော ခန့်မှန်းမိကြောင်း၊ ထိုသို့ ရေကျော်မှုကြောင့် ထိုရေကျော်ရာ တစ်ဝိုက်ရှိ ဒေသခံများ၏ အိမ်အချို့ကိုလည်း ရေများဝင်ရောက်လာသဖြင့် ရေလွတ်ရာနေရာသို့ ရွေ့ပြောင်းပေးထားကြောင်း ဦးအေးလှိုင်ဦးက ရှင်းပြသည်။

သီဟ

ကားလမ်းရေကျော်နေသည်ကိုတွေ့ရစဉ် (ဓာတ်ပုံ-Aye Hlaing Oo)
Pyi Myanmar
https://www.facebook.com/pyimyanmarnews/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.