ဦးထွန်းထွန်းဦးကို အာမခံပေးသည့်ပုသိမ်မြို့နယ် တရားရုံးအမိန့်ကိုကျေနပ်မှုမရှိသဖြင့် တရားလို ဒု ဗိုလ်မှူးကြီး အောင်မျိုးခိုင်မှ ခရိုင်ရုံးသို့ အယူခံတင်ပြထား


ဇွန် ၂၁ (ပုသိမ်)

ပုသိမ်ဟိုတယ်မှာ ကပြခဲ့တဲ့ စစ်ပွဲအလိုမရှိ ပြဇာတ်နဲ့ပတ်သတ်ပြီး တပ်မတော်ကိုယ်စား
ဒု ဗိုလ်မှူးကြီး အောင်မျိုးခိုင်က ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုထားတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးထွန်းထွန်းဦးကို ပုသိမ်မြို့နယ်တရားရုံးက အာမခံပေးခဲ့တဲ့အမိန့်အပေါ်ကျေနပ်မှုမရှိတဲ့အတွက် ပုသိမ်ခရိုင်တရားရုံးကို အယူခံ တင်ပြထားကြောင်း သတင်းရရှိပါတယ်။

"စစ်ပွဲအလိုမရှိပြဇာတ်ကို Facebook မှာ Live လွှင့်လို့ဆိုပြီး ကျနော့်ကို အနောက်တောင်တိုင်း စစ်ဌာနချုပ်က ပုဒ်မ ၃၄ (ဃ) နဲ့ အရင် တရားစွဲတယ်။ နောက်တော့ အဲ့ပုဒ်မကို ဥပဒေအကြံတောင်း တင်ပြတဲ့အခါ ပုဒ်မ ၆၆ (ဃ) ပြောင်းသွားတယ်။ ပုဒ်မပြောင်းတော့ ပုဒ်မ ၆၆ (ဃ) နဲ့ ကျနော့်ကို ရဲတပ်ဖွဲ့က ဖမ်းတယ်။ ကျနော်က အာမခံပေးဖို့ တရားသူကြီးကိုတင်ပြတော့ ရုံးတော်က အာမခံပေးခဲ့တယ်။ အဲဒီအပေါ်မှာ တပ်ဖက်က ကျေနပ်မှုမရှိလို့ ခရိုင်တရားရုံးကို အယူခံ
တင်ပြထားတယ်။ ဒီလ ၂၃ ရက်နေ့ ခရိုင်ရုံးမှာ ပထမဆုံး ကြားနာမယ်"လို့ ပုသိမ်အခြေစိုက် HRAA အဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ပုသိမ်ဟိုတယ်မှာ ဒီနှစ်ဇန်န၀ါရီလအတွင်းက ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးနှင့်ပတ်သတ်သော သဘောထားများဆွေးနွေးပွဲမှာ ပုသိမ်မြို့က ကျောင်းသား ၉ ဦးက စစ်ပွဲအလိုမရှိပြဇာတ် တင်ဆက်ကပြခဲ့ရာမှာ တပ်မတော်ကို ထိခိုက်စေတဲ့အပြောအဆိုတွေ ပါဝင်တယ်ဆိုပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်ကိုယ်စား စစ်ဦးစီးပထမတန်းဖြစ်သူ ဒု ဗိုလ်မှူးကြီး အောင်မျိုးခိုင်က ကျောင်းသား ၉ ဦးကို ပုသိမ်မြို့နယ်တရားရုံးမှာ အသေရဖျက်မှုနဲ့ တရားစွဲခဲ့ပါတယ်။

ဆက်လက်ပြီး အဆိုပါ ပြဇာတ်ကို Facebook မှာ Live လွှင့်တဲ့ ဦးထွန်းထွန်းဦးကိုလည်း ဒု ဗိုလ်မှူးကြီးအောင်မျိုးခိုင်က တရားလိုလုပ်ပြီး အမှုဖွင့် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ - Htun Htun Oo's Facebook
ဧရာဝတီတိုင်းမ်
Ayeyarwaddy Times
https://www.facebook.com/ayetimes
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.