ဖားကန့်မြို့တွင်ညလုံးပေါက်မိုးရွာသွန်းမှုကြောင့် ငှက်ပျောတောရပ်ကွက်အတွင်း အမြင့်ရှစ်ပေခန့် ရေဝင်ရောက်မှုဖြစ်ပွား


ဖားကန့် ဇွန် ၁၈

မိုးညှင်းခရိုင် ဖားကန့်မြို့နယ် အတွင်း ယမန်နေ့ ည ၇ နာရီခန့်မှ စတင်ကာ မိုးရွာသွန်းမှုကြောင့် ဖားကန့်မြို့ငှက်ပျောတောရပ်ကွက် အတွင်း ယနေ့နံနက် ၆ နာရီတွင်အမြင့်ရှစ်ပေခန့်အထိ ရေများဝင် ရောက်လျက်ရှိသည်။

ဖားကန့်မြို့ ငှက်ပျောတော ရပ်ကွက်အတွင်းတွင်ရေဝင်ရောက် မှုနှင့်ပတ်သက်၍ ငှက်ပျောတော ရပ်ကွက်နေ ဦးစိန်ဝင်းဆိုသူက ''ည ၇ နာရီလောက်ကစပြီး မိုး ရွာခဲ့တာ၊ နံနက် ၃ နာရီလောက် ကစလို့ ရပ်ကွက်ထဲမှာရှိတဲ့အိမ် တွေထဲကိုရေဝင်လာလို့ အခုအချိန် ထိမအိပ်ရသေးဘူး။ ဒီနေ့မနက်မှာ တော့ မိုးတိတ်သွားပေမယ့်လည်း ရေကတော့ တင်နေဆဲဖြစ်ပါတယ်၊ လက်ရှိအချိန်အထိ အနိမ့်ပိုင်းအိမ် တွေဆိုရင် ၁၂ ပေလောက်အထိ ရေဝင်သွားပြီးလူတွေကခေါင်မိုးပေါ် တက်နေရတဲ့အခြေအနေကိုရောက် ကုန်တယ်။ အမြင့်ပိုင်းအိမ်တွေမှာ တော့ အမြင့်ခြောက်ပေလောက် အထိ ရေဝင်တာတွေရှိတယ်။ ငှက် ပျောတောရပ်ကွက်အတွင်းမှာ မိုး ရွာသွန်းမှုကြောင့် နေအိမ်အလုံး ၃ဝ ကျော် ရေဝင်ရောက်နေပါတယ်'' ဟု ပြောသည်။

အဆိုပါ ရပ်ကွက်အတွင်း ရေ ဝင်ရောက်မှုကြောင့် ရပ်ကွက်နေ ပြည်သူများ သွားလာရန်ခက်ခဲပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လည်း အလျင်အမြန်လိုအပ်လျက် ရှိကြောင်း ရပ်ကွက်ပြည်သူ ဦးစိန် ဝင်းထံမှ သိရသည်။

မိုဃ်းကျ(မြစ်ကြီးနား)
The Union Daily
https://www.facebook.com/uniondaily.net
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.