မြွေကို သေစေနိုင်သော မှိုရောဂါပိုး တစ်မျိုး ဥရောပတွင် ပထမဆုံးအကြိမ် တွေ့ရှိ



မြွေ တစ်ကောင်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    လန်ဒန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

    မြောက်အမေရိကတိုက်မှ မြွေဆိုးများကို သေစေခဲ့သည့် မှိုရောဂါ တစ်မျိုးကို ဥရောပတွင် ပထမဆုံးအကြိမ် အဖြစ် တွေ့ရှိခဲ့ရကြောင်း Zoological Society of London (ZSL) မှ ကျွမ်းကျင်သူများက ဇွန်လ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ဥရောပရှိ မြွေဆိုးများသည် မှိုရောဂါ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရကြောင်းနှင့် ယင်းမှာ မြောက်အမေရိကတွင် မြွေဆိုးများ သေဆုံးခဲ့မှုများနှင့် ဆက်စပ်မှုရှိနေကြောင်း လန်ဒန် တိရစ္ဆာန်ရုံ အခြေစိုက် ZSL မှ ကျွမ်းကျင်သူများက သတိပေးထားသည်။

နိုင်ငံတကာ ပူးပေါင်း လေ့လာမှု တစ်ခုအပေါ် အခြေခံထားသည့် တွေ့ရှိချက်ကို ZSL က ဦးဆောင်ကာ အမေရိကန် ဘူမိဗေဒဆိုင်ရာ စစ်တမ်း အပါအဝင် မိတ်ဖက်များနှင့် အတူတကွ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့၏ တွေ့ရှိချက်ကို Scientific Reports ဂျာနယ်၌ ဖော်ပြထားသည်။

မြွေ အရေပြားမှိုရောဂါ (SFD) ၊ Ophidiomyces ophiodiicola သည် အရေပြား အနာများ၊ ပွေးကွက်များနှင့် ကြေးခွံမာများ အပါအဝင် ရောဂါလက္ခဏာများ ဖြစ်ပွားနိုင်ပြီး ထို လက္ခဏာအချို့ ခံစားရသည့် တိရစ္ဆာန်များမှာ သေဆုံးခဲ့ရကြောင်း တွေ့ရှိချက်၌ ဖော်ပြထားသည်။

အဆိုပါ ရောဂါမှာ လူသားများ သို့မဟုတ် မွေးမြူရေး တိရစ္ဆာန်များအပေါ် ကူးစက်မှု ရှိကြောင်းကိုမူ မတွေ့ရှိရသေးသော်လည်း သိပ္ပံပညာရှင်များက မြွေ အရေပြားမှိုရောဂါ (SFD) အကြောင်း ပိုမို နားလည်စေရန် သုတေသနများ ထပ်မံ လုပ်ဆောင်သွားကြရန် သတိပေးထားသည်။

(Xinhua)
http://www.xinhuamyanmar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.