ဆန်ဖရန်စစ်စကိုမြို့ရှိ ပါဆယ်စက်ရုံတစ်ခု တွင် သေနတ်ပစ်ခတ်မှုကြောင့် လူ ၄ဦးသေဆုံး


    ဆန်ဖရန်စစ်စကို၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

    ဆန်ဖရန်စစ်စကိုမြို့ရှိ ပါဆယ်ပို့ဆောင်ရေး ကုမ္ပဏီ ဖြစ်သည့် United Parcel Service (UPS) တွင် ဇွန်လ ၁၄ ရက် နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၆ဦး ပစ်ခတ်ခံရပြီး သေနတ်သမားအပါအဝင် လူ ၄ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဆန်ဖရန်စစ်စကိုမြို့ ရဲတပ်ဖွဲ့ (SFPD) ယာယီ အကြီးအကဲ Toney Chaplin က အခင်းဖြစ်ပွားရာသို့ ရဲအရာရှိများ အလျင်အမြန်သွားရောက်ခဲ့ပြီး သေနတ်သမား နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ သေနတ်သမား၏ ဦးခေါင်းတွင် သေနတ်ကျည်ဆန်ထိမှန်၍ သေဆုံးခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းပေါ်ရှိ ဆန်ဖရန်စစ်စကိုမြို့ ပေါ်တီရိုဟေးလ် ခရိုင် တွင် ဒေသစံတော်ချိန် နံနက် ၉နာရီ ခန့်တွင် အလုပ်ရုံနှင့် ဝယ်ယူသူ ဝန်ဆောင်မှု စင်တာတစ်ခုဖြစ်သည့် United Parcel Service (UPS) ၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မျက်မြင်တွေ့မြင်ခဲ့သူများ၏ ပြောကြားချက်အရ သေနတ်သမားသည် UPS ယူနီဖောင်းအား ဝတ်ဆင်ထားကြောင်း သိရသည်။ ပါဆယ်ပို့ဆောင်ရေး ကုမ္ပဏီ UPS က ဒဏ်ရာရရှိသူများသည် ကုမ္ပဏီဝန်ထမ်းများဖြစ်ကြောင်း အစောပိုင်းက ပြောကြားခဲ့ပြီး Toney Chaplin က သေဆုံးသူများ နှင့် ဒဏ်ရာရရှိသူများ၏ ကိုယ်ရေးအချက်အလက်များကို ပြောကြားရန် ငြင်းဆိုခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.