"ချန်ပီယံလိဂ် သရဖူကို ရီးယဲယ် ပထမဆုံး ကာကွယ်နိုင်မလား"



ရီးယဲယ်က နောက်ဆုံး ၃နှစ်အတွင်းမှာ ချန်ပီယံ ၂ကြိမ်ရထားပြီး သမိုင်းတစ်လျောက် ၁၁ကြိမ်နဲ့ အအောင်မြင်ဆုံး အသင်းဖြစ်ပါတယ်။

ချန်ပီယံလိဂ်လို့ အမည်ပြောင်းခဲ့တဲ့ ၁၉၉၂-၉၃ခုနှစ်ကစလို့ ဥရောပရဲ့ အကောင်းဆုံး ကလပ်အသင်းပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်မှာ ချန်ပီယံအသင်း တွေ သရဖူ ကာကွယ်နိုင်ခြင်းမရှိခဲ့တာဒီနေ့တိုင်ခဲ့ပါပြီ။ ရီးယဲယ်က ချန်ပီယံလိဂ်ရဲ့ အစောပိုင်းမှာ ဥရောပချန်ပီယံ အနေနဲ့ ဆက်တိုက် ၅နှစ်ရခဲ့ဖူးပါ တယ်။ အဲ့ဒီနောက် ဘန်ဖီကာ၊ အင်တာမီလန်၊ အိုင်းယက်စ်၊ ဘိုင်ယန်မြူးနစ်၊ လီဗာပူးလ်၊ နော့တင်ဟမ် ဖောရက်စ်၊ အေစီမီလန်တို့ အားလုံး သူတို့ရဲ့ ချန်ပီယံ သရဖူတွေကို ကာကွယ်နိုင်ခဲ့ကြပါတယ်။

၁၉၉၂နှစ်စလို့ ချန်ပီယံလိဂ်အမည်နဲ့ ပြိုင်ပွဲသစ်မှာ ချန်ပီယံတွေ ဖိုင်နယ်တက်ခဲ့ကြတာ ၄ကြိမ်ရှိခဲ့ပါတယ်။ အေစီမီလန်၊ အိုင်းယက်စ်၊ ဂျူဗင်တပ်စ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ တက်ခဲ့ ကြတာပါ။ အေစီမီလန်က ၁၉၉၄မှာ ချန်ပီယံဖြစ်ခဲ့ပြီးမှ ၁၉၉၅ဖိုင်နယ်မှာ အိုင်း ယက်စ်ကို ၁ဂိုး-ဂိုးမရှိနဲ့ ရှုံးခဲ့ပါတယ်။ တစ်ခါ ၁၉၉၅ ချန်ပီယံ အိုင်းယက်စ်က လည်း ၁၉၉၆မှာ ဂျူဗင်တပ်စ်ကို ရှုံးခဲ့ပါတယ်။

 ၁၉၉၆ ချန်ပီယံ ဂျူဗင်တပ်စ်ကလည်း ၁၉၉၇မှာ ဒေါ့မန်ကိုရှုံးခဲ့ပြန်ပါတယ်။ လက်ရှိချန်ပီယံတွေ နောက်ဆုံး ဖိုင်နယ်တက်ခဲ့တာက ၂၀၀၉ခုနှစ်မှာဖြစ်ပြီး မန်ချက်စတာယူနိုက် တက် တက်ခဲ့တာပါ။ ဖို်င်နယ်မှာ ဘာစီလိုနာကို ၂ဂိုးပြတ်နဲ့ ရောမကွင်းမှာ ရှုံး ခဲ့ဖူးပါတယ်။ ၂၀၁၆ချန်ပီယံ ရီးယဲယ်က ၅သင်းမြောက် သရဖူ ကာကွယ်မယ့် အသင်းအဖြစ် ဖိုင်နယ်တက်လာ ခဲ့ပါပြီ။ ဥရောပဖလား အနေနဲ့ နောက်ဆုံး သရဖူ ကာကွယ်ခဲ့တဲ့ အေစီမီလန် နောက်ပိုင်း ဒီပြိုင်ပွဲမှာ ၂၇နှစ် အတွင်း ပထမအဆုံးအကြိမ် သရဖူ ကာကွယ်နိုင်တဲ့ အသင်းအဖြစ် ဇီဒန်းနဲ့ ရီးယဲယ်က အသင်းသားတွေကတော့ ဆန္ဒပြင်းပြနေကြတာပါ။ ရီးယဲယ်နဲ့ တွေ့မယ့် အသင်းကလည်း ဒီနှစ်ချန်ပီယံလိဂ်မှာ အကောင်းဆုံး ခံစစ်ပိုင်းကို ပိုင်ဆိုင်ထား တဲ့ ဂျူဗင်တပ်စ်အသင်းဖြစ်ပြီး သူတို့ကလည်း ဒီရာသီဖလား ၃လုံးမျှောင် လင့်နေတဲ့ အသင်းဖြစ်လို့ ရီးယဲယ်အတွက် အခက်တွေ့မယ့် ဖိုင်နယ်ပွဲပါ။ လာမယ့် ဇွန်လ ၃ရက်နေ့၊ စနေနေ့၊ ဒေသစံတော်ချိန် ည ၇နာရီ ၄၅မိနစ်( မြန်မာစံတော်ချိန် နံနက် ၁နာရီ ၁၅မိနစ်)မှာ ဝေးလ်စ်က ထောင်စုနှစ်ကွင်းကြီးမှာ ရီးယဲယ်နဲ့ ဂျူဗင်တပ်စ်တို့ ဖိုင်နယ်လုမှာဖြစ်လို့ ရီးယဲယ်က သရဖူ ကာကွယ်နိုင်တဲ့ ပထမဆုံးအသင်းဖြစ်လား........ ဒါမှဟုတ် ၁၉၉၆မှာ နောက်ဆုံးရခဲ့ပြီးမှ ဖိုင်တက်ခဲ့တဲ့ ၄ကြိမ်စလုံးကို ရှုံးခဲ့တဲ့ ဂျူဗင်တပ်စ်အတွက် ၅ကြိမ်မြောက်မှာ ကံကောင်းနိုင်မလား.............

"ချန်ပီယံလိဂ် အအောင်မြင်ဆုံး အသင်းများ"

၁) ရီးယဲယ် - ၁၁ကြိမ်
၂) အေစီမီလန် - ၇ကြိမ်
၃) ဘိုင်ယန် - ၅ကြိမ်
၎) ဘာစီလိုနာ - ၅ကြိမ်
၅) လီဗာပူးလ် - ၅ကြိမ်
၆) အိုင်းယက်စ် - ၄ကြိမ်
၇) အင်တာမီလန် - ၃ကြိမ်
၈) မန်ချက်စတာယူနိုက်တက် - ၃ကြိမ်
၉) ဂျူဗင်တပ်စ် - ၂ကြိမ်
၁၀) ဘင်ဖီကာ၊ နော့တင်ဟမ်ဖောရက်စ်၊ ပေါ်တို - ၂ကြိမ်

"လက်ရှိချန်ပီယံတွေရဲ့ ဖိုင်နယ်ရလဒ်များ"

၁) အေစီမီလန် ၄-၀ ဘာစီလိုနာ ( ၁၉၉၄)
အိုင်းယက်စ် ၁-၀ အေစီမီလန် ( ၁၉၉၅)

၂) အိုင်းယက်စ် ၁-၀ အေစီမီလန် (၁၉၉၅)
ဂျူဗင်တပ်စ် ၁-၁ အိုင်းယက်စ်( ၁၉၉၆)
ပင်နယ်တီနဲ့ ဂျူဗီနိုင်

၃) ဂျူဗင်တပ်စ် ၁-၁ အိုင်းယက်စ် ( ၁၉၉၆)
ပင်နယ်တီနဲ့နိုင်
ဒေါ့မန် ၃-၁ ဂျူဗင်တပ်စ် ( ၁၉၉၇)

၎) မန်ချက်စတာယူနိုက်တက် ၁-၁ ချယ်လ်ဆီး ( ၂၀၀၈)
ပင်နယ်တီနဲ့ မန်ယူနိုင်
ဘာစီလိုနာ ၂-၀ မန်ချက်စတာယူနိုက်တက် ( ၂၀၀၉)

"ဖိုင်နယ်ပွဲမတိုင်မီ ရီးယဲယ် - ဂျူဗီ မှတ်တမ်း"

"ရီးယဲယ်"

ဖိုင်နယ်တက်ရောက်မှု - ၁၅ကြိမ်
ဗိုလ်စွဲ - ၁၁ကြိမ်
ဒုတိယ - ၃ကြိမ်
၂၀၁၇ - ?

"ဂျူဗင်တပ်စ်"

ဖိုင်နယ်တက်ရောက်မှု - ၉ ကြိမ်
ဗိုလ်စွဲ - ၂ကြိမ်
ဒုတိယ - ၆ကြိမ်
၂၀၁၇ - ?

(မြန်မာ့ ဘောလုံးချစ်ပရိသတ်တွေကရော........ရီးယဲယ်လား....... ဂျူဗီလား?)
BBC Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.