ဦးကိုနီလုပ်ကြံခံရမှု တရားခံပြေး ရှာဖွေခဲ့သူတွေကို စစ်ဆေး



ရှေ့နေ ဦးကိုနီ ကို လုပ်ကြံမှုမှာ ပါဝင်ခဲ့တဲ့သူတွေကို အင်းစိန်မြောက်ပိုင်းခရိုင်တရားရုံးမှာ ဇွန်လ ၉ ရက်နေ့က ရုံးထုတ်ခဲ့စဉ်။ Photo: Kyaw Zaw WIn/RFA
တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သေနတ်နဲ့ အနီးကပ်လုပ်ကြံသတ်ခဲ့တဲ့ အမှုကိစ္စနဲ့ ပက်သက်ပြီး အင်းစိန် မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီကနေ့ ၁၀ ကြိမ်မြောက် ရုံးထုတ်ရာမှာတော့ တရားခံပြေးအမှုနဲ့ ပက်သက်ပြီး နေပြည်တော်မှာ တရားခံရှာဖွေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို  စစ်ဆေးပါတယ်။

ဖမ်းဝရမ်းထုတ်ထားတဲ့ တရားခံပြေး အောင်ဝင်းခိုင်ပာာ ဖေဖော်ဝါရီလ လဆန်းပိုင်းမှာ နေပြည်တော်မှာရှိတဲ့ ကုမ္ပဏီရုံးခန်းတစ်ခုကို လာရောက်သွားတယ်လို့  နေပြည်တော်မှာရှာဖွေတဲ့ နေပြည်တော် မှုခင်းရဲတပ်ဖွဲ့က ဒီကနေ့ တရားရုံးမှာ ထွက်ဆိုသွားတယ်လို့ တရားလိုဘက်က ရှေ့နေဖြစ်တဲ့ ဦးနေလ က ပြောပါတယ်။

နေပြည်တော် မှုခင်းရဲတပ်ဖွဲ့က ဒုရဲမှူးဌေးအောင်၊ ဇဗ္မူသီရိမြို့နယ်အပိုင် နယ်ထိန်းရဲတပ်ကြပ် လှဌေး၊ ဒုတပ်ကြပ် ကျော်ဇော်ဝင်း၊ ဇေယျာသိဒ္ဓိရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်မြ၊ ရွှေကြာပင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ နေပြည်တော်မှုခင်းတပ်ဖွဲ့ မှုခင်းကြီးကြပ်ရေးဌာနခွဲ တရားစွဲဌာနက ဌာနစုမှူး ရဲမှူး သန်းမြင့်အောင် တို့ ၆ဦးက  ပြီးခဲ့တဲ့ မေလအတွင်းက တရားခံပြေး သွားရောက်ရှာဖွေခဲ့တာနဲ့ ပတ်သက်ပြီး ဒီကနေ့ ရုံးချိန်းမှာ ထွက်ဆိုတာပါ။

နောက်တကြိမ်ရုံးချိန်းမှာ ဝရမ်းအတည်ပြု ရဲနဲ့ အရပ်သားသက်သေ ၂ဦးကို ရာဇ၀တ် အထွေထွေပုဒ်မ ၂၀/၂၀၁၇ နဲ့ ပြန်လည်စစ်ဆေးဖို့ကို ချိန်းဆိုထားပါတယ်။

သက်သေတွေရဲ့ ထွက်ဆိုချက်တွေကိုတော့ သက်ဆိုင်ရာ အထူးခုံရုံးမှာ တရားဝင် မှတ်တမ်းတင်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.