တပ်မတော်လေယာဉ် မပျက်ကျမီ ဂတ်အိုးပေါက်ကွဲခဲ့


မြိတ်လေတပ်အခြေစိုက်စခန်းမှ ရန်ကုန်သို့  ဦးတည်ပျံသန်းလာပြီး ထားဝယ်အကျော် ကျောက်နီမှော်တွင် ပျက်ကျသွားခဲ့သည့် တပ်မတော်လေယာဉ်ပျက်ကျရသည့် အကြောင်းအရင်းမှာ ဂတ်စ်အိုးပေါက်ကွဲမှု့ ကြောင့်ဖြစ်နိုင်သည်ဟု ယူဆကြကြောင်း သိရသည်။

 ယနေ့ ဇွန် ၇ ည ၈နာရီအချိန် သတင်းရင်းမြစ်များထံမှ နောက်ဆုံးရရှိသည့် သတင်းများအရ ရွေ့ ပြောင်းတပ်မတော်သားမိသားစုဝင်များ သယ်ဆောင်လာခဲ့သည့်  ဂတ်စ်အိုးတစ်လုံးမှာ လေယာဉ် ပျံသန်းနေစဉ် ပေါက်ကွဲခဲ့သည်ဟု အသက်ရှင်လွတ်မြောက်လာသူများက ပြန်လည်ပြောကြားခဲ့ကြောင်း The Ladies News မှ စုံစမ်းဆက်သွယ်မေးမြန်းမှု့ များအရ သိရှိရပါသည်။

အဆိုပါဖြစ်စဉ်ကို သီးခြားအတည်ပြုနိုင်ရန် တာဝန်ရှိသူအချို့ ကို ဆက်သွယ်ခဲ့သော်လည်း အတည်ပြုနိုင်ခြင်း မရှိခဲ့ပါ။ အလားတူ လေယာဉ်ပျံသန်းမှု့ ကို မှတ်တမ်းတင်ထားသည့် Black Box ကို ရှာတွေ့ ခြင်း ရှိမရှိကိုလည်း အတည်ပြုနိုင်ခြင်း မရှိသေးပါ။

The Ladies News
https://www.facebook.com/News.TheLadies
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.