စစ်သွေးကြွရှင်းလင်းရေး ဆောင်ရွက်နေတဲ့ ဖိလစ်ပိုင်ကို အမေရိကန်က စစ်လက်နက်တွေ ထောက်ပံ့ပေး

ဇွန် ၅ ။ ။ အိုင်အက်စ်သစ္စာခံ အစ္စလမ္မစ် စစ်သွေးကြွတွေကို တိုက်ခိုက်ရှင်းလင်းနေလျက်ရှိတဲ့ ဖိလစ်ပိုင်တို့အတွက် အမေရိကန်က စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။


ရာနှင့်ချီတဲ့ စက်သေနတ်တွေ၊ ပစ္စတိုတွေ၊ လက်ပစ်ဗုံးတွေနဲ့ လောင်ချာတွေကို အမေရိကန်က ဇွန်လ ၅ ရက်မှာပဲ ဖိလစ်ပိုင်ထံကို လွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ပါတယ်။ ယခု လက်ခံရရှိခဲ့တဲ့ စစ်လက်နက်တွေကို နိုင်ငံတောင်ပိုင်းမှာ လုပ်ဆောင်နေတဲ့ စစ်သွေးကြွရှင်းလင်းရေး စစ်ပွဲမှာ အသုံးပြုသွားမယ်လို့လည်း ဖိလစ်ပိုင်တပ်မှူးတစ်ဦးက ပြောပါတယ်။

"ယခုလို စစ်လက်နက်တွေ ပေးပို့ပေးခြင်းနဲ့အတူ ဖိလစ်ပိုင်တို့ရဲ့ အကြမ်းဖက်ရှင်းလင်းရေး လုပ်ငန်းစွမ်းရည်ကို ကူညီမြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်၊ အလားတူလက်ရှိ တောင်ပိုင်းမှာ စစ်ဆင်ရေး ဆောင်ရွက်နေတဲ့ တပ်သားတွေကိုလည်း ကူညီအကာအကွယ်ဖြစ်စေနိုင်ပါလိမ့်မယ်" လို့ အမေရိကန် သံရုံးက ထုတ်ပြန်သွားပါတယ်။

လက်ရှိအချိန်မှာတော့ အိုင်အက်စ်အဖွဲ့ဆီကနေ ပြန်ရောက်လာတဲ့ စစ်သွေးကြွအဖွဲ့ဝင်တွေဟာ နိုင်ငံတောင်ပိုင်းက မာရာဝီမြို့အတွင်း ခြေကုပ်ယူထားလျက်ရှိပြီး ယင်းအဖွဲ့နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေလျက်ရှိကာ လက်ရှိအချိန်ထိ သေဆုံးသူ ၁၇၈ ဦးထိ ရှိသွားပြီ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နဲ့ အမေရိကန်တို့ကတော့ ယခင်ဆယ်စုနှစ်တွေကတည်းက နီးကပ်တဲ့ မဟာမိတ်တွေအဖြစ် ရှိခဲ့သလို ဖိလစ်ပိုင်တို့ဟာ နိုင်ငံအတွက် စစ်လက်နက်အများစုကို အမေရိကန်ဆီကနေသာ ၀ယ်ယူထားခဲ့ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ အမေရိကန်ဆီက တစ်ပတ်ရစ် လက်နက်တွေ မိမိတို့ မယူတော့ဘူးလို့လည်း ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ထုတ်ဖော်ပြောဆိုမှု ပြုလုပ်ခဲ့ပါသေးတယ်။
Mizzima - News in Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.