ဟိုင်းကြီးကျွန်းကျေးရွာအချို့တွင် ကြွက်များ သောင်းနှင့်ချီ၍ ကျေးရွာအတွင်းသို့ ၀င်လာသဖြင့် ဒေသခံများ စိုးရိမ်


ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် ဟိုင်းကြီးကျွန်းမြို့နယ်ခွဲရှိ ကျေးရွာအချို့တွင် ကြွက်များ သောင်းနှင့်ချီ၍ ကျေးရွာများအတွင်းသို့ ၀င်ရောက်သောင်းကျန်းနေသောကြောင့် ဒေသခံများက သဘာဝဘေးအန္တရာယ်၏ ရှေ့ပြေးနိမိတ်ဖြစ်မည်ကို စိုးရွံ့နေသည်ဟု ကျောက်ချောင်းကျေးရွာအုပ်စု သံကြိုးတမ်းကျေးရွာနေသူ ကိုသန်းထိုက်က News Watch သို့ ဇွန် ၅ တွင် ပြောသည်။

၎င်း “ကျွန်တော်တို့ ရွာနဲ့ ခုနစ်မိုင်ကျော်ဝေးတဲ့ ဇီချိုင်းကျေးရွာမှာ တနေ့က ကြွက်တွေ ရွာထဲကို ပုရွက်ဆိတ်လို အတန်းလိုက်ဝင်လာတာ၊ လူတွေက တုတ်တွေနဲ့ ရိုက်၊ လေးခွနဲ့ပစ်၊ ခဲနဲ့ထုတာ အကောင် တထောင်ကျော်ရတယ်။ မနေ့ကလည်း အဲလိုပဲ အကောင် တထောင်ကျော် ထပ်ရတယ်။ ကျွန်တော်တို့ရွာကို ဒီနေ့မှ ၀င်လာတာ။ ခုညနေပိုင်းအထိ ရွာသားတွေ ၀ိုင်းထုလို့ အကောင်ပေါင်း ၈၀၀ ကျော်ရနေပြီ”ဟု ပြောသည်။

အဆိုပါ ကြွက်များအားလုံးသည် ကျပ် ၁၀ သား ၀န်းကျင်ခန့်ရှိပြီး အများအားဖြင့် ရွယ်တူဆိုက်တူများဖြစ်သည်ဟု ဆိုသည်။
“ဒီလို ကြွက်တွေ အများကြီး တပြုံလုံးထွက်လာတာ မကြုံဖူးတော့ ဒေသခံတွေ အကုန်လုံး လန့်နေတာ။ ဘာလို့လဲဆိုတော့ တွင်းအောင်သတ္တ၀ါတွေလေ။ သဘာဝဘေးအန္တရာယ်တွေ တခုခုဖြစ်မှာ စိုးရိမ်နေကြတယ်”ဟု ပြောသည်။

ယင်းသံကြိုးတမ်းကျေးရွာသို့ ကြွက်များ ယနေ့မှ ၀င်ရောက်လာခြင်းဖြစ်ပြီး ၎င်းရွာနှင့် ခုနစ်မိုင်ကွာဝေးသည့် ဇီးချိုင်ကျေးရွာသို့ ကြွက်များသည် လွန်ခဲ့သည့် နှစ်ရက်က စတင်ဝင်ရောက်လာခဲ့ပြီး ကျေးရွာအများအပြားသို့လည်း ၀င်ရောက်နေပြီဟု ဆိုသည်။ ယင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဟိုင်းကြီးကျွန်းစခန်းမှူး၊ အုပ်ချုပ်ရေးမှူး အပါအ၀င် သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ပြောသည်။

ကိုခက်
ဓာတ်ပုံ- ကိုသန်းထိုက်(FB)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.