ပေါ်တူဂီအလယ်ပိုင်းတွင် ပြင်းထန်သည့် တောမီးလောင်ကျွမ်းမှုကြောင့် လူ ၄၃ ဦးသေဆုံး


လစ္စဘွန်း ဇွန် ၁၈

ပေါ်တူဂီနိုင်ငံအလယ်ပိုင်းတွင် ပြင်းထန် သည့် တောမီးလောင်ကျွမ်းမှုဖြစ်ပွားလျက်ရှိ ပြီး သေဆုံးသူ ၄၃ ဦးရှိကြောင်း ပေါ်တူဂီ အစိုးရက သတင်းထုတ်ပြန်သည်။

ပေါ်တူဂီနိုင်ငံအလယ်ပိုင်းရှိ ကိုအင်ဘရာ မြို့တောင်ဘက်တွင် တောမီးလောင်ကျွမ်းမှု ဖြစ်ပွားနေခြင်းဖြစ်ကာ သေဆုံးသူအများစု သည် တောမီးလောင်ကျွမ်းနေသည့်ဧရိယာ အတွင်းမှ လွတ်မြောက်ရန်ထွက်ပြေးစဉ် အတွင်း မီးလောင်ကျွမ်းခံရခြင်းနှင့် မီးခိုးများ ကြောင့် အသက်ရှုကျပ်ခြင်းများကြောင့် သေ ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 အများစုမှာ မောင်းနှင်လာသည့်ကားများအတွင်း၌ သေဆုံး နေကြောင်း တွေ့ရှိခဲ့သည်။ မီးသတ်သမား ၆ဝဝ ခန့်ကိုအသုံးပြုကာ မီးငြှိမ်းသတ်နိုင်ရန် ကြိုးပမ်းလျက်ရှိသော်လည်း လက်ရှိအချိန် အထိ မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်သည့် အနေအထားသို့ ရောက်ရှိသေးခြင်းမရှိသေး ကြောင်း အတည်ပြုထားသည်။

 မီးငြှိမ်းသတ် ရာတွင် ပါဝင်နေသည့်မီးသတ်သမားများ ထဲမှ ၅၉ ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူဦးရေလည်း မြင့်တက်လာနိုင် ကြောင်း ပေါ်တူဂီအစိုးရက သတင်းထုတ်ပြန် ခဲ့သည်။ ပေါ်တူဂီဝန်ကြီးချုပ်အန်တိုနီယို ကော်စတာက ပြီးခဲ့သည့်နှစ်ပိုင်းများအတွင်း တောမီးရှို့မှုများ ကြီးထွားလာခြင်း၏အကျိုး ဆက်အဖြစ် ယခုကဲ့သို့ ပြင်းထန်သည့်တော မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

NG(Ref;BBC)
The Union Daily
https://www.facebook.com/uniondaily.net
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.