ကျောက်မီးသွေးစီမံကိန်းကြောင့် ဆိုးကျိုးဖြစ်လာရင် ပြည်သူပေးတဲ့ အပြစ်ဒဏ်ခံယူမယ်လို့ ပြည်နယ် ၀န်ကြီးချုပ်ပြော



ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို ဇွန်လ ၂၁ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Lwin Oo/ RFA
ကရင်ပြည်နယ် ဖံွ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ လျှပ်စစ်မီးရရှိဖို့ ကျောက်မီးသွေး စက်ရုံ တည်ဆောက်မှာဖြစ်ပြီး ဆိုးကျိုးဖြစ်လာရင် ပြည်သူ က ပေးတဲ့ ပြစ်ဒဏ်ခံယူဖို့ အသင့်ရှိကြောင်း ပြည်နယ်ဝန်ကြီးချုပ်နန်းခင်ထွေးမြင့် က ပြောပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့နယ် ဝတ်ကြီးရွာအနီးမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း အတွက် ပတ်ဝန်းကျင်ဆိုင်သက်ရောက်မှုဆိုင်ရာ (EIA)ဆန်းစစ်လေ့လာခြင်း လုပ်ငန်းစဉ် အဖြစ် ဒေသခံတွေနဲ့ ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ဘားအံမြို့ဇွဲကပင်ခန်းမမှာ ဒီနေ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ပြည်နယ်ဝန်ကြီးချုပ်နန်းခင်ထွေးမြင့် က ပြောကြားခဲ့တာဖြစ်ပါတယ်။

နောင်မှာ ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းတွေကို ကျန်တဲ့ တိုင်းနဲ့ ပြည်နယ် တွေမှာပါ အကောင်အထည်ဖော်လာနိုင်ကြောင်း လည်း ပြောခဲ့ပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့နယ် ဝတ်ကြီးကျေးရွာအနီးမှာ တိုယိုထိုင်းကုမ္ပဏီက ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းဆောက်လုပ်နိုင်ရေးအတွက် ပထမအဆင့် ကြိုတင်လေ့လာဆန်း စစ်မှုတွေဆောင်ရွက်ဖို့ ပြည်နယ်အစိုးရနဲ့ နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးထားတာဖြစ်ပါတယ်။

အဲဒီစီမံကိန်းဟာ မဂ္ဂဝပ် ၁၂၈၀ ထွက်ရှိမှာဖြစ်ပြီး ဆန်းစစ်ချက်တွေကို ဒီနှစ်ကုန်ထိ ဆောင်ရွက်မှာဖြစ် ပါတယ်။ စီမံကိန်းကို ၂၀၁၈ ခုနှစ် ပထမလေးလမှာ စတင်အကောင်အထည်ဖော်မှာဖြစ်ပြီး ၂၀၂၀ ပထမလေးလအတွင်း အပြီးဆောက်လုပ်ကာ နိုင်ငံတော်ကိုရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ကုမ္ပဏီတာဝန်ရှိသူတွေက ဂျပန်နိုင်ငံရဲ့ အဆင့်မြင့်နည်းပညာသုံးစက်ပစ္စည်းတွေနဲ့ တည်ဆောက်သွား မှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒီနေ့တွေ့ဆုံပွဲကို ကရင်ပြည်နယ်ဝန်ကြီးချုပ်နန်းခင်ထွေးမြင့်၊ ဘဏ္ဍာရေးစီမံကိန်းနဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးသန်းနိုင်၊ လျှပ်စစ်နဲ့ စက်မှုဝန်ကြီး ဦးစိုးလှိုင်တို့ တက်ရောက်ခဲ့ပြီး ကုမ္ပဏီဖက်က မြန်မာပြည်တာဝန်ခံ တက်ရောက်ခဲ့ပါတယ်။

တိုယိုထိုင်းကုမ္ပဏီဟာ မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာမှာ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံဆောက်ဖို့ စီစဉ်ခဲ့ပေမယ့် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြတာကြောင့် ကရင်ပြည်နယ်ကို ရောက်ရှိလာ တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.