လန်ဒန်တိုက်ခိုက်မှု ၇ ဦးသေဆုံး



 အကြမ်းဖက်တိုက်ခိုက်သူ ၃ ဦးကို ရဲက ပစ်သတ်ဖမ်းဆီးနိုင်ခဲ့
စနေည ၁၀ နာရီကျော်က လန်ဒန်မြို့လယ်က လန်ဒန်တံတားပေါ်နဲ့ တံတားအနီးကို လူတစ်စုက တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၇ ဦးသေဆုံးခဲ့ပါတယ်။ အကြမ်းဖက်သူအဖြစ် သံသယရှိသူ ၃ ဦးကိုလည်း ရဲက အသေပစ်သတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။

လန်ဒန်တံတားပေါ်မှာ တစ်နာရီ မိုင် ၅၀ နှုန်းလောက်နဲ့ မောင်းလာတဲ့ ဗင်ကားက လူတွေကို ဝင်တိုက်ခဲ့ပြီးနောက် ကားပေါ်က ဆင်းပြီး ဓားနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

အကြမ်းဖက်တိုက်ခိုက်သူတွေက ဖောက်ခွဲရေးအတွင်းခံအင်္ကျီလိုမျိုး သဏ္ဍန်လုပ်ပြီး ဝတ်ဆင်ထားတယ်လို့ ရဲက ပြောပါတယ်။

ဒဏ်ရာရသူ ၄၈ ဦးကိုလည်း ဆေးရုံ ၅ ခုမှာ တင်ထားပါတယ်။

ဝန်ကြီးချုပ်ထရီဆာမေဟာ တနင်္ဂနွေမနက်ပိုင်းမှာ အရေးအပေါ်ဝန်ကြီးများအစည်းအဝေးခေါ်ယူ ကျင်းပနေပါတယ်။

ဇွန်လ ၈ ရက်နေ့မှာ ကျင်းပမယ့် ဗြိတိန်က အထွေထွေရွေးကောက်ပွဲ မဲဆွယ်မှုတွေကိုလည်း ပါတီတွေက ရပ်ဆိုင်းထားပေမယ့် ရွေးကောက်ပွဲ ရက်ရွေ့ဖို့တော့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.