“တပ်မတော်လေယာဉ်ပျက်ကျမှုအတွက် ရုရှားသမ္မတ ပူတင်က နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ၀မ်းနည်းကြောင်းစကား ပါး”


မြန်မာ့တပ်မတော်(လေ)ပိုင် Y-8-200F ပို့ဆောင်ရေးလေယာဉ် ပျက်ကျမှုအတွက် ရုရှားသမ္မတ ပူတင်က နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ၀မ်းနည်းကြောင်း သတင်းစကားပါးသည်။

“လေယာဉ်ပျက်ကျပြီး ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်းတွေ သေဆုံးခဲ့ရမှုအတွက် များစွာ ၀မ်းနည်းမိပါတယ်။ သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေများအတွက်လည်း ဂရုဏာသက်မိပါတယ်”ဟု ပူတင်၏မက်ဆေ့ခ်ျတွင် ရေးသားထားသည်။

အဆိုပါ တပ်မတော်လေယာဉ်သည် မြိတ်မှ ရန်ကုန်သို့ ဇွန် ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၆ မိနစ်တွင် အမြင့်ပေ ၁၈၀၀၀ ခန့်မှ ပြန်လည်ထွက်ခွာပျံသန်းလာစဉ် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ချိန် ထားဝယ်မြို့ အနောက်ဘက် မိုင် ၂၀ ခန့်အရောက်တွင် ရုတ်တရက် ဆက်သွယ်မှု ပြတ်တောက်သွားခဲ့ပြီး ယနေ့ ဇွန် ၈ ရက် နံနက်တွင် ကျောက်နီမော်၏ အနောက်ဘက် ၁၄ မိုင်၊ လောင်းလုံမြို့၏ အနောင်တောင်ဘက် ၂၂ မိုင်အကွာ ကပ္ဗလီပင်လယ်ပြင်အတွင်း လေယာဉ်အပိုင်းအစအချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.