ပုသိမ်မြို့တွင်း လမ်းဘေးရပ်ထားသည့်ကားများ မှန်ခွဲဖျက်ဆီးခံနေရ


ဇွန်လ ၁၄ ရက် (ပုသိမ်)

ပုသိမ်မြို့တွင်း၌ နေအိမ်ရှေ့လမ်းဘေး ချရပ်ထားသည့်ကားများကို ညအချိန်များတွင် ကားမှန်ရိုက်ခွဲဖျက်ဆီးမှုများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

"မနေ့ညက အိမ်ရှေ့မှာ ကျနော့်အိမ်လာလည်တဲ့ မိတ်ဆွေက အိမ်ရှေ့မှာ ကားရပ်ထားတာ မနက်ကျ ကြည့်လိုက်တော့ ကားအရှေ့ဘက် ဘေးမှန်က အကုန်ကွဲကြေနေတယ်။ တမင်သက်သက်ကို မှန်ကို ရိုက်ခွဲသွားတာ။ ကားထဲက ဘာပစ္စည်းမှ ယူတာ မရှိဘူး"ဟု ပုသိမ်မြို့ ရွှေဝါထွန်းလမ်းတွင် နေထိုင်သူ ကိုအေးမြင့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။


ထိုသို့ ကားမှန်ဖျက်ဆီးမှုများမှာ ပုသိမ်မြို့ပတ်လမ်း ဗိုလ်ဘဌေးလမ်းနှင့် ရွှေဝါထွန်းလမ်းတို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အနည်းဆုံး ကား ၅ စီး ပျက်စီးခဲ့ကြောင်း ကားတချို့မှာ ဘေးမှန်များ ဖျက်စီးခံခဲ့ရပြီး ကားတချို့မှာ နောက်ဘက် လေကာမှန်များ ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

"ကျနော်တို့ နေတဲ့ မြို့ပတ်လမ်းတောက်လျှောက် ကျနော့်ကား အပါအဝင် ပါကင်ထိုးထားတဲ့ကား ၃ စီး မှန်တွေရိုက်ခွဲသွားတယ်။ ဘာရည်ရွယ်ချက်နဲ့ အောက်တန်းစား ဆန်ဆန် လိုက်လုပ်နေလဲ မသိဘူး။ အရင်တခါတုန်းကလည်း လမ်းထဲမှာ ကားတွေရိုက်ခွဲ ခံရတုန်းက ရဲစခန်းမှာ အမှုဖွင့်ထားတော့လည်း အကြောင်းမထူးဘူး။ ဒီတခါလည်း ထပ်လုပ်ပြန်ပြီ။ ကိုယ့်အိမ်ရှေ့ကားထားတာတောင် မလုံခြုံတဲ့ဘဝ ရောက်နေပြီ"ဟု မြို့ပတ်လမ်းတွင် နေထိုင်သူ ပုသိမ်မြို့ခံတစ်ဦးက ပြောသည်။

ပုသိမ်မြို့တွင် ယခုနှစ် ဇန်နဝါရီ ဖေဖော်ဝါရီလများက တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းမင်းအစီအစဉ်ဖြင့် ညဘက်တွင် ရဲအင်အားများစွာဖြင့် လုံခြုံရေးတင်းကြပ်ပြီး ဆိုးသွမ်းလူငယ်များအား ဖမ်းဆီးအရေးယူခဲ့ရာ မှုခင်းဖြစ်ပွားမှုများ လျော့နည်းကျဆင်းခဲ့ကြောင်း သိရသည်။

ရဲမှူးကြီး ထွန်းမင်း ပင်စင်ယူပြီးနောက် အဆိုပါ လုံခြုံရေး စီမံချက်အား ဆောင်ရွက်ခြင်း မရှိဘဲ ရပ်ဆိုင်းခဲ့ချိန်တွင် ယခုကဲ့သို့ ညအချိန် ဖျက်ဆီး ရမ်းကားမှုများ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ပုသိမ်မြို့ခံများက ပြောဆိုသည်။

ဓာတ်ပုံ - လူမှုကွန်ရက်
စစ်ဝေး
Ayeyarwaddy Times
https://www.facebook.com/ayetimes
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.