ပယောဂကုဆရာကို သေဒဏ် နဲ့ ထောင်ဒဏ် ၇နှစ် ချမှတ်


ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၊ ပသီကုန်းကျေးရွာမှာ ပယောဂကုရင်း ကလေးငယ် ၃ ဦးကို သေစေခဲ့တဲ့ အတွက် ပယောဂဆရာကို သေဒဏ်နဲ့ ထောင်ဒဏ် ၇ နှစ် သီးခြားစီကျခံစေဖို့ ရန်ကုန်တောင်ပိုင်းခရိုင် တရားရုံးက ဒီကနေ့ အမိန့်ချမှတ်လိုက်ပါတယ်။

ပုဒ်မ ၃ဝ၂(၁) (ခ) အရ သေဒဏ်နဲ့ ပုဒ်မ ၃၂၅ အရ ထောင်ဒဏ်ခုနှစ်နှစ် အမိန့်ချလိုက်တာဖြစ်တယ်လို့ တောင်ပိုင်း ခရိုင် မှုခင်းမှတ်တမ်းတာဝန်ခံ ရဲအုပ်မြတ်စိုး က ပြောပါတယ်။

"ပုဒ်မ ၃၀၂(၁) (ခ) အဲဒီအရ သေဒဏ်ပေါ့၊ ၃၂၅ အရ ထောင်ဒဏ် ၇ နှစ် သီးခြားစီကျခံစေဆိုပြီး အမိန့် ချမှတ် လိုက်တယ်၊ သေဒဏ်အမိန့်ရဲ့ သဘောတရားကတော့ မသေမချင်း ကြိုးကွင်းစွပ်သတ်စေပေါ့။"

သေဆုံးခဲ့တဲ့ ကလေးတွေရဲ့ ဖခင်က တရားလိုလုပ်ပြီး တွံတေးမြို့နယ်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာ ဖြစ်ပါ တယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက ပသီကုန်းကျေးရွာမှာ အဲဒီပယောဂကုဆရာဆိုသူက ကလေးငယ်တွေမှာ မကောင်းဆိုးဝါးကပ်နေတယ်ဆိုပြီး ကလေးငယ်တွေကို ဆန်မန်းတွေနဲ့ ကြဲတာ၊ ကန်ကျောက်တာ၊ လက်သီးနဲ့ ထိုးတာ၊ ဖနောင့်နဲ့ပေါက်တာတွေကြောင့် အသက် ၈လ၊ ၃ နှစ် နဲ့  ၂ နှစ် အရွယ် ကလေးငယ် ၃ ဦးသေဆုံးခဲ့ပြီး ၄ နှစ်အရွယ်ကလေးတစ်ဦး ဒဏ်ရာရှိခဲ့တာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.