ကျောင်းပြေးသည်ကို မိဘသိမည်စိုး၍ သံသေတ္တာအတွင်းဝင်ပုန်းနေသူ အသက်ရှူမွန်းကျပ်ကာ သေဆုံး


တောင်ငူ ဇွန် ၂၁

ကျောင်းပြေးပြီး မိဘများသိမည်စိုး၍ သံသေတ္တာအတွင်း ဝင်ရောက်ပုန်းအောင်းနေသော ကျောင်းသူတစ်ဦးမှာ သေတ္တာအဖုံးမျောက်မီးချိတ် ချိတ်မိကာ အသက်ရှူမွန်းကျပ် သေဆုံးသွားသည့် အမှု တစ်ခု တောင်ငူမြို့နယ်၊ ကေတုမတီမြို့တွင် ဇွန် ၂ဝ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်းသိရသည်။

 ကေတု မတီမြီု့ မင်းကြီးဆွေရပ်ကွက်၊ မြစေတီ(၃)တွင်း အမျိုးသမီးငယ်တစ်ဦးသေဆုံးနေကြောင်းသတင်းအရ ကေတုမတီနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် စိုးမင်းအောင် နှင့်အဖွဲ့ကသွားရောက်စစ်ဆေးခဲ့သည်။

 မနယုန်မိုး ၁၂ နှစ် ဆဌမတန်း၊ အမက ကေတု(၂)မူလွန်သည် နေအိမ်ရှိ အလျား ၂ ပေ ၅.၅ လက်မ၊ အနံ ၁ ပေ ၄.၅ လက်မ၊ အမြင့် ၁ ပေရှိ သံသေတ္တာအတွက် ပြင်ပဒဏ်ရာမရှိပဲသေဆုံးနေသည်ကို မိခင်ဖြစ်သူ အလုပ်မှပြန်လာပြီး သံသေတ္တာအားဖွင့်ကြည့်ရာမှ တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

 မနယုန်မိုး သည် ကျောင်းမတက်ချင်သည့်အတွက် နေအိမ်သို့ မိဘများမရှိခိုက်ပြန်လည်ရောက်ရှိလာခဲ့ပြီး နေလည်စားချိန် အရောက် ဖခင်ဖြစ်သူ ထမင်းစားပြန်လာသည်ကိုသိရှိ၍ မိမိကျောင်းပြေးသည်ကို သိရှိမည်စိုးသဖြင့် သံ သေတ္တာအတွင်း ဝင်ရောက်ပုန်းအောင်စဉ် သေတ္တာအဖုံးမှာ ပတ္တာချိတ် ချိတ်မိပြီး ပြန်ထွက်မရဖြစ်ရာက အသက်ရှူမွန်းကျပ်ကာသေဆုံးရခြင်းဖြစ်ကြောင်း သိရှိရ၍ ကေတုမတီနယ်မြေရဲစခန်းမှအမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

 ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.