မောင်တောမြို့နယ် ငခူရတွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးမိ



(မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ အဏ္ဍ၀ါရှားနှင့် ဖမ်းမိသည့် ဆေးပြားများ)
နိရဉ္စရာ၊ ဇွန် ၈

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငခူရတွင် စိတ်ကြွဆေးပြား ၁၉၀၀၀ ဖမ်းဆီးရမိသည်ဟု သတင်းရရှိသည်။

နယ်ခြားစောင့်တပ်ဖွဲ့မှ ဇွန် ၈ ရက် နံနက်အစောကြီး ညဥ့် ၁ နာရီခန့် တွင် လုံခြုံရေး လှည့်ကင်း ဆောင်ရွက်နေစဉ် ငါးခူရကျေးရွာအနီးရှိ ပုစွန်ကန်အနီး တာရိုးပေါ်၌ မသင်္ကာသူနှစ်ဦး တွေ့ရှိသဖြင့် ရပ်တန့်ခိုင်းရာ တစ်ဦးမှာထွက်ပြေးသွားပြီး ကျန်တစ်ဦးဖြစ်သူ အဏ္ဏဝါရှား ထံမှ စိတ်ကြွရူးသွပ် ဆေးပြားများ ၁၉၀၀၀ သိမ်းဆည်းရမိခဲ့သည်။


စိတ်ကြွဆေးပြားများတွင် WY နှင့် WR စာတန်း အမှတ်တံဆိပ်များ ပါရှိပြီး ၎င်းဆေးပြား ၁၉ဝဝဝ ၏ (ခန့်မှန်း ကာလတန်ဖိုးငွေမှာ ကျပ်သိန်း ၃၈ဝ ရှိကြောင်း ရဲအရာရှိ တစ်ဦးက ပြောသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည့် အဏ္ဏဝါရှား နှင့် ထွက်ပြေးသွားသည့် ငါးခူရ (တောင်) ရွာနေ ဟာရှိမ်းဆိုသူတို့အား မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် အမှုဖွင့် အရေး ယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

အောင်ကျော်မင်း( မောင်တော)
Narinjara
https://www.facebook.com/Narinjara
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.