ပြည်ကြီးတံခွန်မြို့နယ် လူသတ်မှု့ မှ တရားခံဟု သံသယရှိသူကို ဖမ်းမိနိုင်ရေး သတင်းပေးရန် ကြေညာထား


ဇွန်-၂၄ရက်ညနေ ၅နာရီခွဲအချိန်ခန့်က မန္တလေးတိုင်းဒေသကြီး
ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက် တမာတန်းနားတွင်
ဖြစ်ပွားခဲ့သည့် လူသတ်မှု့ မှ တရားခံအဖြစ် ယူဆရသည့် ဝင်းမြင့်အောင်ကို
ဖမ်းဆီးရမိနိုင်ရေးအတွက် ပြည်ကြီးတံခွန်မြို့နယ်ရဲစခန်းအပါအ၀င်
နီးစပ်ရာ ရဲစခန်းများသို့  သတင်းပေးကြရန် ကြေညာထားကြောင်း
ပြည်ကြီးတံခွန်မြို့ နယ် ရဲစခန်းမှ ဒုရဲအုပ် ပြည်နိုင်းဟန်တင်က ဇွန် ၂၅ နံနက် ၁၀ နာရီက The Ladies News သို့  အတည်ပြုပြောကြားသည်။

ဇွန်-၂၄ရက်ညနေ ၅နာရီခွဲအချိန်ခန့်က တမာတန်းအနားတွင် အမျိုးသမီးတစ်ဦးမှာ ဝဲနှုတ်ခမ်းအောက် ထိုးသွင်းဒဏ်ရာ ၁ချက်၊ ဝဲပါး ထိုးသွင်းဒဏ်ရာ ၁ချက်၊ လည်ပင်းတည့်တည့် ထိုးသွင်းဒဏ်ရာ ၁ချက်၊ယာရင်အုံ ထိုးသွင်းဒဏ်ရာ ၁ချက်၊ ဝဲပုခုံး ထိုးသွင်းဒဏ်ရာ ၁ချက်၊ ဝဲလက်မောင်း ထိုးသွင်းဒဏ်ရာ ၁ချက်၊ ယာလက်ခုံ လက်မနဲ့ လက်ညှိုးကြား ပြတ်ရှဒဏ်ရာ ၂ချက်၊ ယာလက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ ၂ချက်တို့ဖြင့် အသတ်ခံရကာ သေဆုံးသွားခဲ့ပြီးနောက် ပြည်ကြီးတံခွန်မြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းမှူး ရဲမှူးဝင်းနိုင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် အမှု့စစ် ဒုရဲမှူး သိန်းလွင်က အခင်းဖြစ်ရပ်သို့  သက်သေတွေများနှင့် အတူ သွားရောက်စစ်ဆေးရာခဲ့သည်။

စုံစမ်း စစ်ဆေးမှု့ များအရ သေဆုံးခဲ့သူမှာ မစုစုကြည် ဖြစ်သည်ကို
သေဆုံးသူ၏ အစ်မဖြစ်သူ တရားလို မဝင်းဝင်းနွယ်(ခ)မနွယ်၏ ပြောပြချက်အရ သိရှိရကြောင်း၊ မဝင်းဝင်းနွယ်(ခ)မနွယ်၏ ပြောပြချက်အရ
နေအိမ်တွင် ရှိနေစဉ် ညီမဖြစ်သူ မစုစုကြည်သည် တံခွန်တိုင်ရပ်ကွက် တမာတန်းနားတွင် အသတ်ခံရ၍ သေသွားပြီဟု ပြည်ကြီးတံခွန်မြို့နယ် ယောမင်းကြီးလမ်းတွင် အလုပ်သွားရောက်လုပ်ကိုင်နေသော ခင်ပွန်းဖြစ်သူ ကိုမိုးဝင်းကဖုန်းဆက်ခဲ့ကြောင်း၊ သွားရောက်ကြည့်ရှု့ရာ လမ်းပေါ်တွင် ထိုးသွင်း ဒဏ်ရာများဖြင့် မစုစုကြည် သေဆုံးနေခြင်းကို တွေ့ခဲ့ရပြီး
တရားလိုအဖြစ်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မဝင်းဝင်းနွယ်(ခ)မနွယ်၏ ပြောပြချက်အရ မစုစုကြည်သည် ၄င်းရဲ့ခင်ပွန်းဖြစ်သူ ဝင်းမြင့်အောင်နှင့် လွန်ခဲ့သည့် ၃နှစ်ခန့်ကစပြီး တရားဝင်ကွာရှင်းမှုမရှိ သဲ့သို့  အတူ ပေါင်းသင်းနေထိုင်ခြင်းလည်းမရှိကြောင်း၊ ဝင်းမြင့်အောင်မှာ ကောင်းမွန်စွာ လုပ်ကိုင်ကျွေးမွေးခြင်း မရှိဘဲ ဇနီးဖြစ်သူအား မကြာခဏ နှိပ်စက်ခြင်းကြောင့် မပေါင်းသင်းဘဲ နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဇွန်-၁၆ရက် ည ၈နာရီခွဲ အချိန်ခန့်တွင် မစုစုကြည်ထံသို့  ဝင်းမြင့်အောင်ရောက်လာပြီး "" ၅ရက်အတွင်း နင့်ကိုငါသတ်မယ်"" ဟု့  ကြိမ်းမောင်းသွားခဲ့ကြောင်း
စစ်ဆေးပေါ်ပေါက်ခဲ့သည်။

တရားခံဟု ယူဆရသူမှာ ကျောက်ဆည်မြို့နယ် ဆူးကုန်းကျေးရွာ
ဇာတိဖြစ်ပြီး တံတားဦးမြို့နယ် ကျောက်ဖူးကျေးရွာတွင် နေထိုင်ကြောင်း စုံစမ်းသိရခြင်းကြောင့် တိုင်းမှုခင်းအကူဌာနစိတ်မှ ရဲအုပ်အောင်နိုင်ဦးနှင့်အဖွဲ့ ၊ ခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့မှ ရဲအုပ်အောင်ကိုဝင်းနဲ့အဖွဲ့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဝင်းညွန့်အောင်နဲ့အဖွဲ့ ကျောက်ဆည်ခရိုင် မှုခင်းနှိမ်နှင်းရေးအဖွဲ့မှ ဒုရဲအုပ် ဝင်းမျိုးနဲ့အဖွဲ့တို့က သွားရောက်ရှာဖွေဖမ်းဆီးနေကြောင်း၊
တရားခံဟု ယူဆရသူ ထွက်ပြေးလွတ်မြောက်နေခြင်းကြောင့် တွေ့ရှိပါက ပြည်ကြီးတံခွန်မြို့နယ် မြို့မရဲစခန်း ဖုန်းနံပါတ် ၀၂-၈၀၃၄၈ ၀၂-၈၀၃၄၇ အပါအဝင်နီးစပ်ရာ ရဲစခန်းများသို့ သတင်းပေးကူညီကြရန် မေတ္တာရပ်ခံထားပြီး
အဆိုပါအမှု့ ကို ပြည်ကြီးတံခွန်မြို့နယ် မြို့မရဲစခန်းမှ (ပ)၅၀၅/၂၀၁၇
အမှုကြီးအမှတ်စဉ် (၆/၂၀၁၇) ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှု့ဖွင့်အရေးယူထားကြောင်း သိရသည်။
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.