ဘူးသီးတောင်မြို့နယ် တင်ဆက်ကျေးရွာ၌ မသင်္ကာသူ ၅ ဦးဖမ်းဆီးရမိ


ဇွန် ၂၂၊၂၀၁၇

ဘူးသီးတောင်မြို့နယ် တင်ဆက်ကျေးရွာ၌ အကြမ်းဖက်သမားများ ဝင်ရောက်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန် ၂၁ ရက် နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် ကျေးရွာ၏အနောက်ဘက် တောင်ကုန်း များပေါ်၌ လှည့်ကင်းဆောင်ရွက်စဉ် လုပ်သေနတ်ဟု ယူဆရသည့် စတီးပိုက် ကိုင်ဆောင် ထားသူတစ်ဦး၊ တုတ်၊ဓားကိုင်ဆောင်ထားသူ ၁၅ ဦးခန့် တွေ့ရှိသဖြင့် ရှင်းလင်းခဲ့ရာ အနောက်ဘက် မေယုတောင်ကြောပေါ်သို့ ထွက်ပြေးသွားခဲ့သည်။

၎င်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တင်ဆက်ကျေးရွာအတွင်း ရှာဖွေရာ အကြမ်းဖက်သင်တန်းတက် ရောက်ပြီးသူနှင့် အမာခံဟုယူဆရသော မသင်္ကာသူ အဘူဆွေယော့ ၂၈ နှစ် ပါ ၅ ဦး အား ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.