ဆန္ဒပြမှုများ ရှိနေသော်လည်း ဂျပန်က အငြင်းပွားဖွယ်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကို အတည်ပြု


ဝေဖန်သူများက ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ထိခိုက်စေနိုင်ပြီး ရဲတပ်ဖွဲ့၏ ထိပ်တန်းစောင့်ကြည့်မှု အလွန်အကျွံ ပြုလုပ်ခြင်းဆီသို့ ဦးတည်သွားစေနိုင်သည်ဟု သတိပေးနေသော်လည်း ဇွန် ၁၅ ရက်တွင် ဂျပန်က အငြင်းပွားဖွယ်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကို အတည်ပြုလိုက်ကြောင်း သိရသည်။

ဥပဒေအတည်ပြုခြင်းကို ပိတ်ဆို့ဟန့်တားရန် ကြိုးပမ်းသည့် အားနည်းသော အတိုက်အခံများနှင့် အိပ်ငိုက်နေသော ပါလီမန်အမတ်များ ညလုံးပေါက် ငြင်းခုံခဲ့ပြီးနောက် ပါလီမန်အပြင်ဘက်တွင် လူပေါင်း ထောင်နှင့်ချီလျက် ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

ကြီးလေးသောအမှုများ ကျူးလွန်ရန် စီစဉ်နေမှုများကို အပြစ်ပေးမည့် ယင်းဥပဒေသည် ၂၀၂၀ ပြည့်နှစ် တိုကျိုအိုလံပစ်ပွဲမတိုင်မီ အကြမ်းဖက်မှုကို ကာကွယ်ရန်လိုအပ်သည်ဟု ဂျပန်အစိုးရက ပြောကြားခဲ့သည်။

ယင်းဥပဒေသည် ရဲတပ်ဖွဲ့အား အာဏာအသစ်များ အပ်နှင်းထားခြင်းမရှိသော်လည်း ဝေဖန်သူများက အပြစ်မဲ့နိုင်ငံသားများ၏ ဆက်သွယ်မှုများကို ကြားဖြတ်ဖမ်းယူရန် ခွင့်ပြုသည့် အလွဲသုံးစားမှုများဖြစ်ပေါ်စေနိုင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အာမခံထားသည့် လွတ်လပ်စွာဖော်ထုတ်ပြသခွင့်နှင့် ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေသည်ဟု ပြောကြားခဲ့သည်။

“ဒီဥပဒေကြောင့်တော့ အကြမ်းဖက်မှုက ပပျောက်သွားစရာမရှိပါဘူး။ ဒီဥပဒေဟာ အကြမ်းဖက်မှုထက် အရပ်သားတွေကို နှိပ်ကွပ်ဖို့ အများဆုံးလုပ်ထားတာပါ” ဟု ပါလီမန် အဆောက်အအုံအပြင်ဘက်တွင် ဆန္ဒပြနေသော အသက် ၂၉ နှစ်အရွယ်ရှိ ယိုဟေးဆာကန်နိုက ပြောကြားခဲ့သည်။

အငြိမ်းစားအစိုးရ ၀န်ထမ်းတစ်ဦးဖြစ်သော တိုရှီအကီနိုဂုချီကလည်း “ကျွန်တော်တို့ဟာ ဆင်ဆာဖြတ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ဆီကို နောက်ပြန်လှည့်သွားနေပါပြီ” ဟု ပြောကြားခဲ့သည်။

အမေရိကန်အစိုးရ၏ စောင့်ကြည့်မှုများကို ဖွင့်ချခဲ့သော အက်ဒ၀ပ်စနိုးဒင်နှင့် ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျိုးဆက်ကန်နာတာချီတို့ နှစ်ဦးစလုံးက အဆိုပါဥပဒေကို ဝေဖန်ခဲ့ကြပြီး စစ်တမ်းများအရ ယင်းဥပဒေ၏ ကောင်းခြင်းများနှင့် ပတ်သက်၍ ဂျပန်ပြည်သူများ သဘောထား အကြီးအကျယ် ကွဲလွဲနေကြောင်း သိရသည်။

Writer:
Ref: AFP

===========

Eleven Media Group
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.