ပြင်​ဦးလွင်​ - ရန်​ကုန်​ အသွားအပြန်​ မိုင်​​ပေါင်း ၁၀၀၀ ​ကျော်​ တစ်​ကိုယ်​​တော်​လမ်း​လျှောက်


ဇွန်​လ ၁၂

၂၉ ကြိမ်​​မြောက်​ ဆီးဂိမ်း​ပြိုင်​ပွဲတွင်​ မြန်​မာနိုင်​ငံ အောင်​နိုင်​​ရေး၊ မြန်​မာနိုင်​ငံ သစ်​​တောများ စိမ်းလန်းစို​ပြေ​ရေးနှင့်​ သဘာဝပါတ်​ဝန်းကျင်​ထိမ်းသိမ်း​ရေး၊ လူငယ်​များမူးယစ်​​ဆေးကင်းရှင်းစေရေး စသည့်​ရည်​ရွယ်​ချက်​များဖြင့်​ ဇွန်​လ ၁၂ရက်​​နေ့က ကိုကျော်​​ကျော်​ဝင်းသည်​ ပြင်ဦးလွင်​မြို့မှ ရန်​ကုန်​မြို့အထိ အသွားအပြန်​ တစ်​ကိုယ်​​တော်​ လမ်း​လျှောက်မှု စတင်​​ကြောင်း သိရသည်။

ယ​နေ့ညပိုင်းတွင်​ မန္တ​လေးမြို့သို့ ​ရောက်​ရှိပြီး ဗထူးကွင်းအတွင်း ညအိပ်​ရပ်​နားမည်​ဖြစ်​ကာ ဇွန်​လ ၁၃ရက်​​နေ့ နံနက်ပိုင်းတွင်​ ဆက်​​လက်​​လျှောက်​မည်​ဖြစ်​သည်​။


တစ်​ရက်​လျင်​ မိုင်​ ၃၀ နှုန်းဖြင့်​ ​ရန်​ကုန်​မြို့သို့ ​ရောက်​ရန်​ ၃၂ ရက်​​ ကြာမြင့်​မည်ဖြစ်​ပြီး ၎င်းအ​နေဖြင့်​ တစ်​​နေ့ မိုင်​ ၄၀ လျှောက်​ရန်​ သတ်​မှတ်​ထား​သော်​လည်း ကျန်း/ကစားဝန်​ကြီးဌာနက တစ်​ရက်ကို မိုင်​ ၃၀ နှုန်း ​လျှောက်​ဖို့သတ်​မှတ်​​ပေးထားသည်။

ကျန်းမာ​ရေး​စောင့်​​လျှောက်​မှုအ​နေဖြင့်​ ပြည်​သူများနှင့်​ ဆိုင်ကယ်​အဖွဲ့များက ကူညီသွားမည်​ဖြစ်​ပြီး ပြင်​ဦးလွင်​မြို့ ပရဟိတအဖွဲ့ဖြစ်​​​သော သန္တိသုခ အခမဲ့ လူမူ​ရေးအသင်းမှ မန္တလေးမြို့အထိ လိုက်​ပါ​စောင့်​​လျှောက်​ခဲ့ပြီး လမ်းတ​လျောက်တွင်လည်း ပရဟိတအသင်းများက လိုက်​လံ​စောင့်​​လျှောက်​သွားမည်​ဖြစ်​ကြောင်း ကို​ကျော်​​ကျော်​ဝင်း၏ ​ပြောကြားချက်​အရ သိရသည်။

( Ah Lin Nge )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.