ဖေ့စ်ဘွတ်ကို မွတ်စလင်တွေစီးမိသွားပြီလို့ ဦးဝီရသူမိန့် (ရုပ်-သံ)


Wira Thu ဖေ့စ်ဘွတ်အကောင့် နဲ့ စာမျက်နှာ Page အပိတ်ခံလိုက်ရတဲ့အတွက် ဖေ့စ်ဘွတ်ကို မွတ်စလင်တွေ စီးမိသွားပြီလို့ ဆရာတော် ဦးဝီရသူက မိန့်ကြားပါတယ်။

အဲဒီလို မိန့်တဲ့ ဗီဒီယိုဖိုင်ကိုလည်း အကောင့်အသစ်တစ်ခုနဲ့ တင်ထားရာမှာ အဲဒီအကောင့်လည်း ပိတ်ခံရပါတယ်။

ပြီးခဲ့တဲ့မေလ ၃၁ ရက်နေ့မှာ စပိတ်လိုက်တာဖြစ်ပြီး တလကြာ ပိတ်မယ်လို့ ဖေ့စ်ဘွတ်က အသိပေးထားပါတယ်။

Wira Thu အမည် ဖေ့စ်ဘွတ်အကောင့်မှာ follower သုံးသိန်းကျော်ရှိပြီး ၀ီရသူ မစိုးရိမ် အမည်ပေးထားတဲ့ စာမျက်နှာကတော့ like လုပ်သူ ၇ သောင်းကျော် ရှိတယ်လို့ သိရပါတယ်။

ဦးဝီရသူဟာ ဘာသာတစ်ခုနဲ့ တစ်ခုအကြား အမုန်းတရားတွေပွားများပြီး ဘာသာရေး အဓိကရုဏ်း ဖြစ်စေနိုင်တဲ့ ဟောပြောမှုတွေ ဒေသအနှံ့အပြားမှာ ကြိမ်ဖန်များစွာပြုလုပ်နေတာကြောင့် မြန်မာနိုင်ငံ အတွင်း ၂၀၁၇ မတ်လ ၁၀ ရက်နေ့ကနေ ၂၀၁၈ မတ်လ ၉ ရက်နေ့အထိ တရားဟောခွင့် ပိတ်ပင်ကြာင်းနဲ့ လိုက်နာမှုမရှိဘူးဆိုရင် တည်ဆဲဥပဒေတွေနဲ့ အရေးယူသွားမှာဖြစ်ကြောင်း နိုင်ငံတော်သံဃမဟာနာယက အဖွဲ့က မတ်လ က ကြေညာထားပါတယ်။

video credit - Zaw Win/ Facebook
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.