ဘိုကလေးမြို့နယ်တွင် လူတစ်ဦး မိကျောင်းကိုက်ခံရ



မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော
ဘိုကလေး - ဇွန် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ပျဉ်ဘိုးကြီးကျေးရွာအုပ်စု ကန့်မလာချောင်းကျေးရွာနေ ကျဘမ်းလုပ်ကိုင်စားသောက်သူ ဦးဌေးဝင်း အသက် (၅၄)နှစ် သည် ဇွန်လ (၉)ရက် မိန်းမလှကျွန်းသို့ ဂဏန်းထောင်၊ ထင်းခြောက်ခုတ်သွားရာဇွန်လ(၁၀)ရက်ညနေ(၄)နာရီခန့်တွင် မိန်းမလှကျွန်း ကြောင်ထောင်ဝဲချောင်းနေရာတွင် မိကျောင်း အဆွဲခံခဲ့ရကြောင်း သိရသည်။

ဇွန်လ(၁၀)ရက်မွန်းလွဲ(၃)နာရီတွင်အလောင်းပြန်ရရှိပြီးပေါင်နှစ်ဘက်စလုံး မိကျောင်းကိုက်ဒဏ်ရာတွေ့ရှိရသည်။

သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှတာဝန်ရှိပုဂ္ဂိုလ်တို့မှ မတ်လတွင်စတင်၍ မိန်းမလှကျွန်းအနီးအပါးကျေးရွာ ရွာပေါင်း (၄၀)ကျော် မိကျောင်းအန္တရာယ် သတိပြုလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသံချဲ့
စက်ဖြင့်သတိပေးကြေငြာခြင်း၊ ရွာစဉ်လှည့်၍ဟောပြောပွဲများပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ဧပြီ ၊ မေ၊ ဇွန်လများသည်မိကျောင်းများ၏ သဘာဝမိတ်လိုက်ချိန်ရာသီဖြစ်ပြီး မိကျောင်းများသည် မိတ်လိုက်ချိန်များတွင် သာမန်ရာသီအချိန်များထက် သန်မာမြူးထူးလေ့ရှိပြီး မိကျောင်းအထီးများသည်မိတ်လိုက်ရန် မိကျောင်းမများရှိရာ မြစ်ချောင်းများအတွင်းသို့ လှည့်လည်သွားလာရှာဖွေနေချိန်ဖြစ်သည်။

သို့ဖြစ်ပါ၍ မိကျောင်းအန္တရာယ်သတိပြု၍ နေထိုင်ကြပါရန်သက်ဆိုင်ရာမှ အသိပေးခြင်းများကိုလိုက်နာမှုအားနည်းနေတာကို တွေ့ရှိနေရကြောင်း မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဘိုကလေး - ဌေးနိုင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.