မွန်ပြည်နယ်အနေဖြင့် တက္ကသိုလ်ဝင်တန်း အောင်ချက် ရာခိုင်နှုန်း အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ် အနိမ့်ဆုံးဖြစ်နေ


ဇွန်လ ၁၇ ရက် (ယနေ့) နံနက်ပိုင်းက တက္ကသိုလ်ဝင်တန်း အောင်စာရင်း များကို သက်ဆိုင်ရာ ကျောင်းနှင့် ပညာရေးမှူးရုံးများတွင် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ ထုတ်ပြန်ကြေညာခဲ့ရာတွင် တိုင်းနှင့်ပြည်နယ်များအနက် မွန်ပြည်နယ်အနေဖြင့် အောက်ချက် ရာခိုင်နှုန်း ၄၁.၁၂ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ခဲ့သည်။ အနိမ့်ဆုံး အောင်ချက်ရာခိုင်နှုန်းအဖြစ် ရခိုင်ပြည်နယ်က ၁၇.၁၆ ရာခိုင်နှုန်းဖြင့် ရှိနေသည်။

မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ကျောင်းသား၊သူပေါင်း ၂၂၆၁၈ ဦးရှိရာမှ ၉၃၀၁ ဦး အောင်မြင်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ၃၈၄၄၀ ဦး ဖြေဆိုရာ ၆၅၉၈ ဦးသာ အောင်မြင်ခဲ့ကြောင်း စာရင်းများအရ သိရသည်။

တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ကျောင်းသား၊သူဦးရေ ၁၀၄၂၅၆ ဖြင့် အများဆုံး ၀င်ရောက်ဖြေဆိုသည့် ရန်ကုန်တိုင်းဒေသကြီးတွင် အောင်မြင်သူ ၃၈၈၂၉ ဦး ရှိခဲ့ကာ ၃၇.၂၄ ရာခိုင်နှုန်းဖြင့် အောင်ချက်ရာခိုင်နှုန်း စတုတ္ထအများဆုံး ဖြစ်သည်။

The Ladies News
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.