ဟုမ္မလင်းမှာ မိုးဆက်တိုက်ရွာလို့ စာသင်ကျောင်းတွေ ပိတ်ထားရ



ဇွန်လ ၂၀ ရက်နေ့က မိုးဆက်တိုက်ရွာသွန်းခဲ့တာကြောင့် ဟုမ္မလင်းမြို့ နယ် အော်သော်ကျေးရွာ မူလတန်းကျောင်းမှာ ရေများဝင်ရောက်နေသည်ကို တွေ့ရစဉ်။ ဓါတ်ပုံ - အရှင်သြသဓ ဖေ့စ်ဘုတ်
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့မှာ မိုးဆက်တိုက်ရွာသွန်းကာ ကျောင်းဝန်းတွေထဲကို ရေဝင်တဲ့အတွက် စာသင်ကျောင်း ၄ ကျောင်းကို မနေ့ကစပြီး ပိတ်ထားလိုက်ရတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင်က ပြောပါတယ်။

ဇွန်လ ၂ဝ ရက်နေ့ကစတင်ကာ မိုးများပြီး ဟုမ္မလင်းမြို့မှာ စီးနေတဲ့ နမ့်ထိုင်ကွန်းချောင်းကလည်း ရေတက် တာကြောင့် မြေနိမ့်ပိုင်းမှာရှိတဲ့ ကျောင်းတွေထဲကို ရေဝင်တာဖြစ်တယ်လို့ ဦးကျော်ဌေးလွင်က ပြောပါတယ်။

"ရွာတွေတော့မဝင်သေးပါဘူး။ အနိမ့်ပိုင်းဆောက်ထားလို့လေ ကျောင်းတွေက မြစ်စပ်မှာတင်ဆောက် ထားတော့ အဲဒီကနေ ရေကဝင်တာ။ ကျောင်းပိတ်ထားတာ မနေ့ကစပိတ်တော့ တစ်ရက်ပဲရှိသေး တယ်။ နောက် ၁ ရက် ၂ ရက်အတွင်းတော့ ပြန်ဖွင့်မှာပါဗျ။ "

အော်သော်ကျေးရွာက အလယ်တန်းကျောင်း၊ နမ့်တောကျေးရွာက အထက်တန်းကျောင်း၊ နတ်နန်းကျေးရွာက အလယ်တန်းကျောင်းနဲ့ ခုံသာကျေးရွာက မူလတန်းကျောင်းတွေမှာ ရေဝင်နေလို့ ပိတ်ထားရတာဖြစ်ပါတယ်။

နမ့်ထိုင်ကွန်းချောင်းမှာ အရင်နှစ်တွေတုန်းက ရွှေတူးဖော်ရေးလုပ်ငန်းတွေကနေ စွန့်ပစ်တဲ့ မြေ စာတွေကြောင့် ချောင်းရေမျက်နှာပြင်မြင့်တက်ပြီး ရေကြီးတာတွေဖြစ်ပေါ်လာတာလို့လည်း သိရပါတယ်။

မနေ့က စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီနဲ့ ကချင် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည် နယ်တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါ တယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.