ရှမ်းပြည် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်



တိုက်ပွဲတွေ ဆက်တိုက် ရှိနေတယ် ၄ ရက် ရှိသွားပြီ
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန် မြို့နယ်ထဲမှာ မြန်မာ အစိုးရ စစ်တပ်နဲ့ တအာင်း လက်နက်ကိုင် TNLA နဲ့ကြား တိုက်ပွဲတွေ ဆက်လက် ရှိနေပါတယ်။

ဇွန်လ ၁ဝ ရက် နေ့ နောက်ပိုင်း ထိတွေ့မှုတွေ ပိုမို ပြင်းထန် လာပြီး ၊ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေတာ ၄ ရက် ရှိသွားပြီလို့ TNLA ဘက်က ပြောပါတယ်။

အစိုးရဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ပတ်ဝန်းကျင် ကျေးရွာတွေထဲ ကျရောက် ပေါက်ကွဲတဲ့ အတွက် ဒေသခံ ရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေး နေရတယ်လို့ TNLA ဘက်က ပြောပေမယ့် သီးခြား အတည်ပြုချက်တော့ မရ သေးပါဘူး။

TNLA လက်နက်ကိုင်တွေ ရဲ့ စခန်းတွေ ရှိရာဆီ အစိုးရ စစ်ကြောင်းက လိုက်လံ တိုက်ခိုက် နေတာ ဖြစ်တယ် ဆိုပြီး TNLA နိုင်ငံခြားရေး တာဝန်ခံ တာဘန်လက ဘီဘီစီကို ပြောပါတယ်။

တအာင်း လက်နက်ကိုင် အပါအဝင် မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေနဲ့ အစိုးရကြား တွေ့ဆုံကြဖို့ ဆိုင်းပြင်းနေတဲ့ ရက်ပိုင်းမှာပဲ လက်တွေ့ မြေပြင်မှာ အခုလို တိုက်ပွဲတွေ ပြင်းထန် လာတာ ဖြစ်တယ် ဆိုပြီး တာဘန်လက ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.