ပရဟိတခေါင်းဆောင်ကြီး ဦးကျော်သူ နှလုံးသွေးကြောအစားထိုး ခွဲစိတ်မှုပြုလုပ်



ပရဟိတခေါင်းဆောင်ကြီး တစ်ဦးဖြစ်သည့် အကယ်ဒမီဦးကျော်သူ သည် ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Bumrungrad ဆေးရုံတွင် နှလုံးသွေးကြော အစားထိုးလဲလှယ်မည် ဖြစ်ကြောင်း နာရေးကူညီမှုအသင်း၊ ရန်ကုန် ဖေ့စ်ဘုတ်စာမျက်နှာ ဖော်ပြချက်အရ သိရသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) BOD အဖွဲ့ဝင် ဥက္ကဋ္ဌ ဦးကျော်သူသည် ဇွန်လ ၁၇ ရက် နံနက် ၈ နာရီအချိန်ခန့်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Bumrungrad ဆေးရုံတွင် bypass နှလုံးသွေးကြောလေးချောင်း အစားထိုး လဲလှယ်ကြောင်း သိရသည်။

အဆိုပါ အစားထိုးလဲလှယ်နေသည့် အတွက် ခွဲစိတ်မှု အောင်မြင်စေရန် ရည်ရွယ်ကာ နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းရုံးရှိ ရန်ကြီးအောင် မြတ်စွာဘုရားတွင် အသင်းသူ/သားများ ၊ သင်တန်းသူ/သားများ နှင့် ၀န်ထမ်းများမှ မြတ်စွာဘုရား၏ ဂုဏ်တော်များရွတ်ဆို၍ ဆုတောင်းမေတ္တာ ပို့သခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဦးကျော်သူအနေဖြင့် ခွဲစိတ်ခန်းမ၀င်ခင် တက္ကသိုလ် အောင်စာရင်း စောင့်ဆိုင်းနေသည့် ကျောင်းသားများအတွက် ရင်ခုန်မိကြောင်း၊ ခွဲစိတ်မှုအတွက် ရင်ခုန်မိကြောင်း ၎င်း၏ ကိုယ်ပိုင်ဖေ့စ်ဘုတ် စာမျက်နှာတွင် ဇွန်လ ၁၆ ရက် ညပိုင်း ရေးသားထားသည်ကို တွေ့ရသည်။

ဦးကျော်သူက “ရင်ခုန်မိတဲ့ည။ သားသားမီးမီးတို့ကလည်း မနက်ဘက် အောင်စာရင်းထွက်မှာမိုလို့ သားငယ်သမီးငယ်တွေ အပြင် မိဘပြည် သူတွေကလည်း ရင်ခုန်။ ကျွန်တော်ကလည်း မျိုးရိုးကြောင့် ဖြစ်လာတဲ့ နှလုံးသွေးကြော ပိတ်ခြင်းကို ရင်ကိုခွဲနံရိုးများကို ချိုးဖဲ့ပြီး ပေါင်နှင့် လက်မောင်းမှ သွေးကြောများကို ထုတ်ပြီးခွဲစိတ် အစားထိုးခံရမှုအတွက် ရင်ခုန်မိတဲ့ ညတစ်ညပေါ့ဗျာ။ သားငယ် သမီးငယ်တို့အားလုံး ဂုဏ်ထူးများ စွာနဲ့ အောင်မြင်ကြ ပါစေ။ ကျွန်တော်လည်း ခွဲစိတ်ကုသမှု အောင်မြင် ပါစေ၊ အားလုံး သောကကင်းဝေး ငြိမ်းချမ်းသာယာ ၀ပြောကြပါစေ။ ကျန်းမာချမ်းသာပါ” ဟု ပြောသည်။

စိုင်းဟန်
ဓာတ်ပုံ-နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့်Kyaw Thu(FB)
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.