တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ ကားပစ္စည်းဆိုင်အနီး သေနတ်ပစ်ခတ် မှုဖြစ်ပွား အမျိုးသားတစ်ဦး သေဆုံး


တာချီလိတ်၊ ဇွန် ၁၇

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၌ မေတ္တလမ်း တိုက်ခန်းငှားအနီး ဇွန်လ ၁၇ ရက်နေ့ က သေနတ်ပစ်ခတ်မှုဖြစ်ပွားကာ အမျိုသားတစ်ဦးသေဆုံး ကြောင်းသိရပါတယ်။

အခင်းမဖြစ်ပွားမီ သေဆုံးသူ စိုင်းဝီး (၄၄ နှစ်)၊ ၄င်း၏ ဇနီး မနန်းအောင်ခမ်း (၁၈)နှစ် နှင့် မနန်းကောင်ခမ်း (၁၈ နှစ်) တို့သုံးဦးသည် နေအိမ် အောက်ထပ် စားပွဲတွင် အသားကင်များ စားသောက်နေတယ် လိုဆိုပါတယ်။

 စိုင်းဝီးမှ ဖုန်းလာသဖြင့် တိုက်ခန်းရှေ့သို့ ထွက်၍ ဖုန်းပြောနေစဉ်တွင် အနီးသို့ ရှာထိုးဦးထုပ်အမဲရောင်၊ အင်္ကျီလက်ရှည် အမဲရောင်၊ ဘောင်းဘီဝတ်ဆင်ထားသော အမျိုးသားတစ်ဦး မှ သေနတ်အတိုဖြင့် (၈)ချက်ခန့် ပစ်ခတ်သဖြင့် စိုင်းဝီးမှ ထွက်ပြေးစဉ် တိုက်ခန်းရှေ့ လမ်းမပေါ်တွင် သေဆုံးခဲ့ကြောင် အနီးပတ်ဝန်းကျင် ပြောပြချက်အရ သိရပါတယ်။

တာဝန်ရှိသူများ စစ်ဆေးချက်အရ သေဆုံးသူသည် သေနတ်ကျည် ၀င်၊ ကျည်ထွက် ဒဏ်ရာ ၁၂ ချက်ဖြင့် သေဆုံးခဲ့တယ်ဟု သိရပါတယ်။

အမှုမှ သေနတ်ဖြင့် ပစ်ခတ်သွားသူအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်ဟု စခန်းမှ သိရပါတယ်။

မြင့်မိုရ်(တာချီလိတ်)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.